Sunday, June 5, 2022

လွမ်းတဲ့အခါ 

လွမ်းတဲ့အခါ 
ကိုယ်တို့စိတ်ချင်းဆက်ခဲ့ကြတာ မမေ့နဲ့ 
အိပ်မက်ထဲအတူထည့်မက်ဖို့ တွေးရင်း 
ကိုယ့်ကလေးမလေး အားတင်းပါ ။ 

ခေတ်တစ်ခေတ်ချင်းစီမှာ 
လူငယ်ဟာ တာဝန်ကိုယ်စီနဲ့ 
ကိုယ်လည်း 
အဲဒီလို ကျေခဲ့ချင်ပါတယ် ။ 

ပြန်တွေ့ရင် အလွမ်းဖြေရအောင်လို့ 
ပြန်မတွေ့ခင် လွမ်းနေလောက်ပါရဲ့ 
တရားတဲ့ဘက်က တောင်းဆုသံ 
ကိုယ့်အချစ်ကြောင့် 
သူမအသံ ပိုညံလောက်ပါတယ် ။ 

လွမ်းတဲ့အခါ 
ကိုယ်တို့ စိတ်ချင်းနမ်းလို့ရတာမမေ့နဲ့ 
စိတ်နဲ့နမ်းလည်း 
အလွမ်းချင်းတူရင် 
ရှက်သွေးဖြာလို့ ရပါတယ် ။  ။ 

BETA 

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...