"အသက်ဘူးလေးသို့-၆
ကိုယ့်ကို Unfollow...
လုပ်ထားရင်တော့...
ဒီစာကို မင်းမမြင်လောက်ဘူး...
ဘယ်ကစရမလဲ.....
မသိပေမယ့်
ဒီရက်ပိုင်းမှာ
လူတွေ
တုတ်ကွေးအဖြစ်များကြလို့
မင်းကိုယ်မင်း ဂရုစိုက်ပါ .....
မင်းနဲ့...
သဘောထားချင်း
မတိုက်ဆိုင်တဲ့နောက်ပိုင်း
တီတီတာတာတွေ
မပြောဖြစ်တော့တာကလွဲရင်
အရာရာ အရင်အတိုင်းပါပဲ....
ပထမမှာတော့
ကိုယ် တော်တော်လေး
ခံစားခဲ့ရတယ်ဆိုမလားပဲ.....
တစ်လလောက်နေတော့
မင်းနဲ့ကိုယ်ဟာ
ဘယ်တုန်းကမှ
တကယ်မိတ်ဆွေတွေ
မဟုတ်ခဲ့တာ
လက်ခံလာနိုင်တယ်.....
တစ်နှစ်လောက်အကြာမှာ
မင်းနဲ့ကိုယ်ဟာ အစတည်းက
အရင်းနှီးဆုံးမိတ်ဆွေမဖြစ်ခဲ့တာကို
သဘောပေါက်ခဲ့တယ်.....
အခုတော့လည်း...
ဒါတွေဟာ...
ဘာမှမဟုတ်ဘူးလို့ပဲ
ပြောရမလား...
မင်းကို သာမာန်သိကျွမ်းခဲ့ဖူးသူလို့ပဲ
မှတ်ရမလား......
ပွင့်ပွင့်လင်းလင်းပြောရရင်...
စကားတွေလည်းပြောချင်သေးသလို
ပြန်လည်းဆုံချင်ပါသေးတယ်....
ဘယ်တုန်းကမှ...
မင်းအပေါ်...
စိတ်မပျက်ခဲ့ဘူးလို့ပဲ ဆိုရမှာပေါ့ .....
နောက်ဆုံးတော့လည်း
အတိတ်ဟာ...
ဘယ်တော့မှ
အသစ်ပြန်စခွင့်မရှိမှန်း
ပိုသိခဲ့ရတာပါပဲ....
🏳️🏴🏳️🏴🏳️🏴
Sêcrêt Pâl

We will build a better tomorrow than today.
ReplyDelete