တိတ်ဆိတ်မှုရဲ့ နောက်ကွယ်
ပြောစရာစကားတွေ
အများကြီး ရှိပေမဲ့လဲ
ပြောနိုင်တဲ့ အင်အားတွေ မဲ့သွားတဲ့အခါ
ဘာစကားမှ မပြောပဲ နေတတ် တယ်
ပြောချင်တဲ့
အကြောင်းအရာတွေ ရှိပေမဲ့လဲ
ကိုယ်ပြောလဲ အရာမထင်တဲ့အခါ
ပါးစပ်ပိတ်ပီး နေတတ်တယ်
တိတ်ဆိတ်နေခြင်းတိုင်းဟာ
ဝန်ခံခြင်း သက်သက် မဟုတ်ဘူး
No comments:
Post a Comment