အသက်ဘူးလေးသို့-၈
မင်းရဲ့အဝေးမှာနေလို့
ဆက်ဆံရေးတွေ
သွေးအေးနေတယ်
မထင်ပါနဲ့.....
ကိုယ့်အတွေးထဲ
မင်းအမြဲရောက်ခဲ့တာပါ.....
တစ်ကိုယ်ရေတည်း
အရဲစွန့်ချိန်
ခံနိုင်ရည်ရှိတယ်
မထင်ပါနဲ့...
အားငယ်ပြိုလဲ
ဝမ်းနည်းနာကျင်တဲ့ခါ
မင်းရင်ခွင်မှာ
ခိုဝင်ချင်ခဲ့တာပါ.....
မင်းရဲ့အဝေးမှာ
ကိုယ်တွေးမိတာက
မင်းဘေးနားလည်း
ကိုယ်မှ မရောက်နိုင်သေးပဲ...
❣️
Sêcrêt Pâl
Miss you
ReplyDelete