အမေ့ဆီသို့ ပြန်စာ
အာဏာရှင်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာ
ဆေး မတိုးတော့တဲ့ ရောဂါပဲ အမေ
ငြိမ်းချမ်းရေးကို မူးယစ်ဆေးလို
စွဲလမ်းခဲ့ရတဲ့ လူငယ်တစ်ယောက်မှာ
သောတာပန် ဖြစ်ဖို့အရေး
ကျနော် မတွေးနိုင်သေးဘူး အမေ...။
နာကြည်းချက်ကို အရက်ပြန် လောင်း
မိုးနဲ့ ဆောင်းကိုလည်း ကျနော်
ထပ် အန်တု ရဦးမှာမို့
အမေရေ.....
ကိုယ့်ရွာလေး မီးလောင်
ဘုရားကျောင်းဆောင်တွေ ပါကုန်ချိန်
အမေနဲ့ ရွာဆီ သား မရောက်နိုင်ခဲ့တာ
သားမိုက်ကိုလည်း ခွင့်လွှတ်ရှာပါတော့... ။
ဒီတော်လှန်ရေးကြီး ပြီးရင်တော့
အမေ့ကိုလည်း လုပ်ကျွေးပြုမယ်
အဆင်မပြေမှု ကြားထဲ
ပေါင်ထားခဲ့ရတဲ့ လယ်လေးကိုလည်း
သား ပြန်ရွေးပေးပါမယ်
ပြာပုံထဲ ပျောက်ရှ သွားတဲ့
အဖေ့ပုံလေးကိုတော့ သားပြန်လာမှာပဲ
ထပ်ရှာကြည့်ဦးမယ် အမေ။
# သျှမ်း
So sad after reading this poem.
ReplyDeleteလွမ်းတယ်ဗျာ
ReplyDelete