Thursday, May 5, 2022



ဇာတ်ခုံပေါ်ကလူ
------------------------

ပွဲအစမှာတော့ ....
အားလုံးပါဝင် ဆင်နွှဲလို့ပေါ့

ပွဲအလယ်လောက်လဲ ရောက်ရော 
တချို့ပြန်ကြပြီ

ပွဲပြီးခါနီး နောက်ပိုင်း ရောက်လာတော့ 
တချို့က
မပြန်ပဲသာ ကျန်ခဲ့တာ
ကြည့်ချင်စိတ်လဲ နည်းလာပြီ 
အိပ်လဲ အိပ်ချင်ပြီ 
ပွဲပြီးထိကလဲ နေချင်သေးတာကိုး

ဇာတ်ခုံပေါ်က သူတွေကတော့ 
ပွဲမပြီးမချင်း အားကျိုးမာန်တက် 
ဆက်လက် ကနေကြ တုန်းပါပဲ

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါ

ဇာတ်ခုံပေါ်ကလူတွေလား
ပွဲကြည့်ပရိတ်သတ်တွေလား




San Zuren 🌸

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...