သို့.....
ချစ်လှစွာသော စွာတေးမ လေးရေ
အလွမ်းတွေကို ထမ်း သယ်
ဒီ ခရီးကြမ်းတယ် လို့လည်း
ကိုယ် မမှတ်ယူပါဘူး ဘာလို့ဆို
ကိုယ် ကိုယ်တိုင် ကိုက
အမှားတွေကို ဦးညွှတ်ဖို့
ဝန်လေး နေခဲ့တာပါ.....။
ရုပ်ရှင်ဆန်ဆန် ပြချက်တွေအောက်မှာ
ကိုယ် ဘယ်ဇာတ်ကောင်လဲဆိုတာ
ကိုယ် မသိပေမယ့် ဒီတစ်ခန်းရပ်
ဇာတ်လမ်းမှာတော့ ကိုယ်ဟာ
တိုင်းပြည်အတွက် သူရဲကောင်း
ဖြစ်ခွင့်ရှိတဲ့ နေရာကပါ ......။
အမေ့ကို လည်း လွမ်းတယ်
မင်းကိုလည်း လွမ်းပါတယ်
တိုက်ပွဲနေရာ တစ်ခုမှာတော့
နေ့မြင်ညပျောက် ဆိုတဲ့ စကားဟာ
ဖြစ်လွယ်ပျက်လွယ် သစ္စာတရားပါပဲ
ဒါပေမယ့် လည်း........
တစ်ချို့သော သူတွေက
ငါတို့ နိုင် မှ ကျွတ်မှာ
တစ်ချို့သူတွေကလည်း ငါတို့ နိုင်မှ
လွတ်မယ့် အနေအထားမှာ
တိုင်းပြည်ကို မင်းရဲ့ နှုတ်ခမ်းနီလို
မြတ်တနိုး တန်ဖိုးထားရင်း
ကိုယ်လွတ်ရုန်း မထားခဲ့ချင်တာ
ကိုယ့်စိတ် ဆန္ဒပါပဲ မာရီယာ.......။
# သျှမ်း

အယ်ခုကျ Ads မတက်ပြန်ဘူး
ReplyDeleteလွမ်းလိုက်တာကွယ်
ReplyDeleteah
ReplyDelete👍👍🤝💪🤣💪
ReplyDelete