အက်မင် ဘယ်သူလဲဟေ့..
စိတ်ဒဏ်ရာကို ကဗျာအဖြစ်ရေးရင်း
တော်လှန်ရေးကို ပို အားစိုက်ခဲ့တယ်
အားပေးသူ မရှိတဲ့ ကဗျာတွေဟာ
ကော်ဖီ ၃၆ ခွက်မြှောက် သောက်ပြီး
ဖျစ်ညစ်ထုတ် ရေးထားခဲ့တာလည်း
ဖြစ်ချင် ဖြစ်ခဲ့မှာပေါ့လေ
မျက်ကွင်းတွေ ညိုနေတာကိုတော့
ကိုယ် မဖုံးဖိပြချင်ပါဘူး.....။
တစ်ကိုယ်ရေ မှောင်မိုက်ခဲ့ရတာလည်း
past lives သီချင်း နဲ့ဆို
Album ကလည်း အပြည့်
အမေရေ....
တစ်ခြားသူ တစ်ယောက်က
ကောင်းလိုက်တာ ဆိုတဲ့ စကားတွေ အောက်
ဘဝကိုပါ ထည့်ရေးနေရတာ
ကိုယ်တိုင်ကြုံမှ သိခဲ့ရတော့
ကဗျာမြင်တိုင်း ကဗျာဆရာ တွေကို
ကိုယ့်မှာ စာနာ နာလည်းမိခဲ့တာ ကြာပေါ့ဗျာ။
အက်မင် ဘယ်သူလဲ ဟေ့..
တအားကြီး စိတ်ဓာတ်ကျမနေပါ နဲ့
ခင်ဗျားကြီး အားလျော့ပြ ရင်း
ကျနော်တို့ မှာ အိပ်ရေးတွေပါ ပျက်လို့
ပြာကျသွားတဲ့ ရွာအတွက်
ကြွေလွှင့်သွားတဲ့ သူရဲကောင်းတွေအတွက်
အခုဆို အက်မင် အတွက်ပါ
အားလုံးကို ခေါင်းထဲ သိပ်ထည့်
အပူကို နာကြည်းချက်နဲ့ ထုရိုက်ခဲ့တဲ့
ကိုယ်တိုင်ထုတ် ကဗျာတွေကလည်း မနည်း
သြော်...
ခံယူချက်ကို ဘဝနဲ့ ရောသောက်ပြီးမှတော့လဲ
ဘယ်အရက်က ခါးနိုင်တော့မှာလဲလေ
# သျှမ်း
wow
ReplyDelete