Tuesday, May 17, 2022



မွန်းကြပ်ခြင်း စက္ကန့်များ

ကော်ဖီခွက်တွေမရှိတဲ့အိမ်မှာ ငါမနေလိုဘူး
ဗလာသက်သက် စကားလုံးများကိုပြောတဲ့သူတွေအသံ ငါမကြားလိုဘူး
အရောင်မရှိတဲ့ ပန်းချီကားနဲ့အပြုံးတွေပန်ဆင်သူတွေ စိုက်တဲ့ပန်းအနံ့ ငါမမွှေးလိုဘူး

ကတ္တရာလမ်းပေါ်လျှောက်လိုက်ရင်း
ဖွာလိုက်တဲ့ စီးကရက်ပြာတွေမှာ
ငါ့ကဗျာတွေပြုတ်ကျသွားမှာစိုးလို

မျောချလိုက်တဲ့ အရက်နဲ့အတူ
အမှတ်တရတွေအစာကြေသွားမှာစိုးလို

ရေးပြီးရင်းရေးနေတဲ့ ဘောပင်မှာ
မင်ကုန်သွားမှာစိုးလို

ဖိစီးနေတဲ့ ကြောက်စိတ်ကို
တိုးတိုးလေးထွက်လာတဲ့ တေးသံက ရပ်တန့်သွားမှာစိုးလို

လူမပီသတော့ဘူးဆိုရင်
ဘာဆက်လုပ်ကြရပါ့မလဲ

ဪ...ကမ္ဘာကြီးက စီရင်ချက်ချပါမယ်

ဆန်
ကုန်
မြေ
လေး

မွန်းကြပ်သော ထိုစက္ကန့်လေးတွေ

ကျွန်တော်အိမ်ပြန်ချင်တယ် အမေ

#Tommy

3 comments:

  1. ဘယ်လို ကလစ်ရလဲကွယ်..
    သင်ပေးကြပါဦး..
    အားလုံးလဲ လိုက်ဝင်ကြည့်နေတာဘဲ
    ကြော်ငြာလဲမတက်ဘူး..
    point လဲ 0 ကမတက်ဘူးဖြစ်နေတယ်
    နည်းမှန်လမ်းမှန်ကလစ်နည်းလေး မစကြပါဦး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...