◼ပြည်သူ့ရင်မှာ လက်နက်ချပါ◼
နွေဦးမှာ
အရိပ်တွေဆုံလို့
သပိတ်တွေ ထုံတယ်။
ဒင်းတို့က
ခေါင်းကိုပစ်ပြီး စစ်ကိုခေါ်တယ်
နွေဦးက
ချောင်းကိုပစ်ပြီးမြစ်ကိုကျော်တယ်။
ဒင်းတို့က
အကြောက်နဲ့ ခြောက်ပြတယ်
နွေဦးက
မကြောက်လို့ တောက်ပတယ်။
ဒင်းတို့သာ
ခြောက်ရင်းခြောက်ရင်း
ချောက်တွင်း ဆင်း ဆင်းသွားတယ်။
နွေဦးမှာ
တယောက်ချင်း တယောက်ချင်း
တောက်ရင်းတောက်ရင်း
ရန်တွေရှင်းလို့
ဉာဏ်အလင်း ပွင့်ပွင့်လာတယ်။
တမြေတည်းနေတဲ့စိတ်နဲ့
နောက်ဆုံးပိတ်
ဖိတ်ခေါ်ချင်ပါရဲ့ ...
ကြောက်စိတ်နဲ့ မိုက်မဲသမျှ
သဘောက်စိတ်နဲ့ အသိုက်ခွဲသမျှ
ပြည်သူ့ရင်မှာ လက်နက်ချပါ။◼
©လက်ျာဧ
#thevoiceofspring #poem

Ok
ReplyDeletedone
ReplyDelete👍
ReplyDeleteRight
ReplyDeleteClick click click
ReplyDelete😎
ReplyDelete✅💜
ReplyDelete⭐⭐⭐
ReplyDeletepleasure
ReplyDelete