Sunday, April 17, 2022

◽တော်လှန်နှစ်သစ်

ပြည်သူ့အချစ်နဲ့
စနစ်ကို အပြင်းမောင်းလို့
ခေတ်ကို အတင်းပြောင်းကြမယ် ။

စစ်ကို စစ်နဲ့ပြိုင်လို့
စစ်ကို စစ်နဲ့နိုင်ဖို့
နိုင်ငံအလံတိုင်မှာ
ဒေါင်းမာန်ကို လွှင့်ချည်
ခေတ်သစ်ကို တည်ကြမယ်။

နှစ်သစ်မှာ
တော်လှန်စစ်နဲ့
ဖက်ဒရယ်တခေတ်
စနစ်သစ်စေရမယ်။

နှစ်အကူးအပြောင်းမှာ
ခေတ်ဟောင်းကို ချန်ရစ်
ခေတ်ဆွေးကို လှန်ပစ်
ဖက်ဆစ်စစ်တပ်
အမြစ်ပြတ်စေရမယ်◼

©လက်ျာဧ

#thevoiceofspring #poem




#thevoiceofspring

13 comments:

  1. ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

    ReplyDelete

  2. ဖက်ဆစ်စစ်တပ်
    အမြစ်ပြတ်စေရမယ်
    ဖက်ဆစ်စိတ်ဓာတ်တွေလည်း
    အမြစ်ပြတ်‌စေရမယ်

    ReplyDelete
  3. ဖက်စစ်စစ်တပ်အမြစ်ဖြတ်

    ReplyDelete
  4. ငါတို့အားလုံးဟာ တော်လှန်နွယ် ပုန်ကန်နွယ်တွေပါ

    ReplyDelete
    Replies
    1. အားလုံးပဲ တော်လှန်သော နှစ်ဆန်း၁ရက်နေ့ဖြစ်ကြပါစေ

      Delete
  5. နှစ်သစ်မှာ အရင်နှစ်​တွေထက်ပိုပြီးလူသားဆန်နိုင်သူဖြစ်​အောင် ကြိုးစားမယ်

    ReplyDelete
  6. နှစ်သစ်မှာ လိုအင်ဆန္ဒများပြည့်စုံကြပါ​စေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...