ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။
တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။
ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။
သူတို့အလုပ်က
တော်တော်လည်း ဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။
ကျွန်တော်ဟာ သာမာန်ပြည်သူ
ကဗျာတို၊ စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ ရေးနေတဲ့
ကဗျာရေးသူပါ။
ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသော ကမ္ဘာကြီးသာ
တောင့်တပါ၏။
-အောင်ချိမ့်
done
ReplyDeleteတရားမျှတာသော ကမ္ဘာကြီးဖြစ်ပါစေ
ReplyDeleteတရားမျှတသော ကမ္ဘာကြီးဖြစ်ပါစေ
Deleteခုတော့ တရားမျှတမှုကို
ReplyDeleteသွေးနှင့်ရင်းပြီး
တိုက်ယူနေရပါတယ် ချိမ့်ရေ...
✌️
ReplyDeletedone
ReplyDelete✅⚖️
ReplyDeletedone
ReplyDeletedone
ReplyDelete💪💪💪💪💪
ReplyDelete