လူငယ်ဘဝ ကွယ်လွန်ခြင်း
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘာသာစကားပြော သင်တန်းတွေ
ကွန်ပျူတာ သင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ်...။
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ
တစ်ခါတစ်ရံ စိတ်ပြေပျောက်စရာ
အပြာရောင် စာအုပ်များနဲ့သာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို
ရည်းစားလည်း တစ်ယောက်မှ မရှိခဲ့ပါ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ ကမ္ဘာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ခပေါင်းစီးကရက် တစ်ဘူးနဲ့
မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ်
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
လူငယ့်ရေးရာ ညကျောင်းတစ်ကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း
သင်တန်းကျောင်းကြီး တစ်ကျောင်းပါပဲ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့
လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ
အခုတော့
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ။.....................................။
_လှသန်း
After Nway Oo (T L Y), what do you want to do most?
ReplyDeleteThe answer to this question is that every person is writing a letter in our heart and that is why we are trying to live....
1. For the first five days, Htet sleep soundly without phone or laptop..
2. Then I pack five bottles of wine in a backpack and traveled by train alone..
3.No big deal, when I come back from the trip I will work again for rehabilitation...
Dreams are simple, but they are too expensive for us ,
Dear clickers, what kind of dream do you have?
..........❤Htet...........
Lost
ReplyDeletedone
ReplyDelete--နွေဦးသယံဇာတများ--
ReplyDeleteလူငယ်လေးတချိုက ရှေ့တန်းမှာ
လူငယ်လေးတချိုက ထောင်ထဲမှာ
လူငယ်လေးတချို ကျဆုံး
လူငယ်လေးတချို အဝေး လွင့်စင်
လူငယ်လေးတချို
ဆီပျောက်မီးပျောက် မိပျောက်ဖပျောက်
အရည်မမီ လူကြီးတွေကြောင့်
အနာဂတ်သယံဇာတများ ဖရိုဖရဲ ဖြစ်ရပုံ
-ညီမင်းညို
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
Deleteကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ.........
လူငယ်ဘဝတကယ်ပျောက်သွားခဲ့တာပါ
Deleteနှမြောဖို့ကောင်းတယ်
Done admin🥰🥰🥰
ReplyDeleteStay safe and strong ! We must win.
ReplyDeleteဒီနေ.လည်းနောက်ကျပြန်ပြီကွယ်
ReplyDeleteအခုတော့
ReplyDeleteကျွန်တော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ။.....................................။
😪😪😪
ReplyDelete✅🥰
ReplyDeleteDone
ReplyDelete⭐🌟💪
ReplyDeleteDone
ReplyDeleteDone
ReplyDeletefighting
ReplyDelete