ယနေ့ လူငယ် နောင်၀◌ယ်လူကြီး
ဆိုရိုးစကားရှိခဲ့တယ်
ကရင့်လူငယ် လာမည့်အနာဂတ်
မျိုးဆက်သစ်တို့ အားမာန်၀◌င့်ချီ
ကရင့်အရေး လက်ဆင့်ကမ်းလို့
သယ်ပိုး ထမ်းရွက်ကြရမယ်
ကရင်ကမွေး ကရင်သွေးမို့
ကရင်လူမျိုးပဲ လက်ထပ်ကွယ်
ကရင်စာပေ ယဥ◌်ကျေးမှုကို
ထာ၀စဥ◌် ထိန်းသိမ်း တန်ဖိုးထားလို့
ကရင်စကား ပြောကြမယ်
ဘိုဘေးအမွေ ဆက်ခံရင်းနဲ့
နှလုံးသွေးနီ သက်သေပြုလို့
အနာဂတ်ကို ဆေးခြယ်မယ်
အချိန်ရှိခိုက် လုံ့လစိုက်ထုတ်
အသိပညာဗဟုသုတ ရှာဖွေ သိုမှီး
စာအုပ်စာပေ လေ့လာဖတ်ရှု
ဆန်းသစ် တီထွင် တွေးခေါ် သုံးသပ်
ကြိုးစားလုပ်ကိုင် ပြောင်းလဲတိုးတက်
အနာဂတ်ကို ထုဆစ်မယ်
အိုင်တီ(IT)ခေတ်မှာ နည်းပညာ
ကမ္ဘာကြီးက တို့ရဲ့ရွာမို့
လေ့လာစရာ ပေါများတယ်
ဖုန်းတွေပွတ်ရင်း ကုန်ဆုံးချိန်တွေ
အကျိုးရှိစွာ အသုံးချလို့
အနာဂတ်ကို ပုံဖော်မယ်
နွေဦးချစ်
Let the Karen people be safe because of the fierce fighting on the Karen side
ReplyDelete😊😊😊😊
ReplyDelete