Friday, April 15, 2022

◽ငု နဲ့ ပြည်သူ ◽

ပိတောက်ဝါ
နွေတလျှောက်
ရောက်ချင်မှ ရောက်လာလိမ့်မယ်...
ငုတွေကတော့
နွေကိုတုလို့ တောက်ပနေမြဲ ။

နွေမှာ
ပိတောက် မကြိုင်လည်း
ငုတွေ လှိုင်တယ်။

နွေမှာ
ပိတောက် ကြွေ...ကြွေ
ငုတွေ အနေရဲလို့
နွေထဲ...
မကြွေဘဲ မင်းမူတယ်။

သင်္ကြန်တိုင်းမှာ
ပိတောက် မပန်ရပေမယ့်
နွေစံ ငုပန်းတွေက
ရင်ကမ်းညွှတ်ပြ ပွင့်ပြရှာတယ်။

နှစ်အဟောင်းကို
ခေတ်ပြောင်းရန်မသွေ
ကောင်းကံခြွေပြု
ဒေါင်းမာန်ဝေ စု တဲ့
အတုမဲ့ ညီတူ
ငု နဲ့ ပြည်သူ ...◼

© ဒေါင်းသွေး
#thevoiceofspring #poem


#thevoiceofspring
#credit

11 comments:

  1. ငုနဲ့ပြည်သူ 😍

    ReplyDelete
  2. ပိတောက်ထက် ငုကိုပိုကြိုက်တယ် ✊
    ငုနှင့်ပြည်သူ

    ReplyDelete
  3. တော်လှန်သင်္ကြန်

    ပိတောက် သင်းလည်း
    လေညှင်းထဲမှာ
    သွေးနံ့ ပါတယ်။

    ဥသြ တွန်လည်း
    သံစဉ်ထဲမှာ
    ယမ်းငွေ့ ပါတယ်။

    သင်္ကြန်မိုးလည်း
    သွန်းဖြိုးမျက်ရည်
    စိမ့်စိမ့်စွေတယ်။

    သည်တနွေတော့
    ရေမဆော့ဘူး
    စစ်ဘီလူးကို မောင်းထုတ်မယ်။

    မောင်ပြည်အေး (သံတွဲ)

    #RejectMilitaryCoup

    Credit

    ReplyDelete
  4. နေ့စဥ် ကြိုးစား​ပြီး ကလစ်​နေတယ်
    အောင်ပွဲ မြန်မြန်ရဖို့အတွက်။

    ReplyDelete
  5. တော်လှန်သင်္ကြန်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...