ရင်ထဲက စကားများ
-----------------------------
မြန်မာပြည်က သူဌေးအများစုက NPD (Narcissistic personality disorder)
တွေချည်းပါပဲ
ငါဟိုလက လှူပြီးပြီလေ
ဘာထပ်ပေးရဦးမှာလည်း
အဲ့လိုပြောတဲ့သူတွေကိုကြည့်ရင်
အများစု သူဌေးအသိုင်းဝိုင်းကကြီးပဲ
PDF တွေလှူဖို့ အခြေခံလူတန်းစားတွေ
နေ့စားလုပ်အားခတွေ စုပြီးလှူကြတယ်
တချို့ နားကပ်တွေ ချွတ်လှူကြတယ်
တချို့ အိမ်တွေ ရောင်းလှူကြတယ်
တချို့ မြေတွေ ရောင်းလှူကြတယ်
ဘယ်မလဲ လူချမ်းသာတွေ
ဘယ်မလဲ စီးပွားရေးသမားတွေ
အမြတ်တင်ဖို့နဲ့ ခေတ်ပျက်ဖို့ပဲ စောင့်နေကြတယ်
သပိတ်တွေလဲ ဆက်မှောက်နေကြဆဲ
လက်လုပ်သေနတ်နဲ့ တိုက်ပွဲဝင်နေကြဆဲ
ငတ်တလှည့်ပြတ်တလှည့် CDM တွေနဲ့
ပြည်သူ့ ရဲဘော်တွေလဲ နေရာအနှံ့ ရှိနေဆဲ
ဒါဟာ စကားလုံး မဟုတ်ဘူး "ဘဝတွေ"
အသက်တွေ ပေးခဲ့ကြပြီးပြီ
ဘဝတွေ မရှိတော့ဘူး
အကျဥ်းထောင်ထဲက ပြည်သူတွေ
အကျယ်ထောင်ထဲမှာလည်း ပြည်သူတွေ
ဘယ်သူမှ မလွတ်မြောက်သေးဘူး
စကားလုံးနဲ့ မကူနဲ့
စကားလုံးနဲ့ အားမပေးနဲ့
စကားလုံးနဲ့ မတော်လှန်နဲ့
စကားလုံးတွေကို ပုံဖော်ကြပါ
လွတ်မြောက်ခြင်း စကားလုံး အတွက်
လွတ်မြောက်ဖို့ လက်တွေ့ တော်လှန်ကြပါတော့လား....😔
San Zuren 🌸
👍❤️💪🙏
ReplyDeleteAbsolutely right.
ReplyDelete👍
ReplyDeleteDone
ReplyDeletedonr
ReplyDeleteDone
ReplyDeleteDo not help with words, do not encourage with words
ReplyDelete🍎🏃🍎
ReplyDelete