နိုင်ငံတော်သီချင်း (၂၅)
___________________
အာဏာရှင်ရဲ့သုတ်ရည်တစ်စက်ကနေ
ပုံတူမျိုးပွားထားတဲ့စစ်သားတွေ
ဗိုင်အာဂရာမသောက်ရသေးလို့
ပျော့ခွေနေတဲ့ သေနတ်ပြောင်းတွေ
ဒူးမထောက်လက်မမြောက်ပါပဲ
ဘဝတွေဟာဘီးတပ်ကုလားထိုင်ပေါ်မှာ
လက်မောင်းငုံးတိ ပေါင်ငုံးတိနဲ့
ညနေစောင်းလို့စားစရာလုံးလုံးမရှိတဲ့အခါ
ဓားပြတိုက်ကျွေးရသတဲ့
စက်မှုလယ်ယာစနစ်ကိုပြောင်းလိုက်မှ
စက်ရုပ်နွားတွေနဲ့ကောက်စိုက်သမတွေရဲ့
ချီးထုပ်ဇာတ်လမ်းတွေကနောက်ကလိုက်လာပြန်
အသွင်ကူးပြောင်းရေးကာလဆိုတော့
အားလုံးဟာလူလိုလို ခွေးလိုလို
ထမင်းပဲစားရမလိုလို ချီးပဲစားရမလိုလို
သင်၏ ရှေ့သို့တဟုန်ထိုးချီတက်နေသောနိုင်ငံတော်။
-အောင်ခင်မြင့်

done
ReplyDeletelet click together
ReplyDelete❤✅
DeleteNice.
ReplyDeleteအရမ်းခက်ခဲတဲ့အခါ
ReplyDeleteဟိုးအဝေးအနာဂတ်ကို သိပ်မတွေးပါနဲ့။
ဒီကနေ့ကိုပဲကြိုးစားကျော်ဖြတ်နိုင်ဖို့
ကိုယ့်ကိုယ်ကိုယ် အားပေးကြည့်ပါ။
"ဒီနေ့ကိုကျော်ဖြတ်မယ်" ဆိုတာ
အခက်အခဲအားလုံးအတွက် ကျိန်စာပါ။
ဒီကနေ့ကို အားတင်းကျော်ဖြတ်ရင်း
တစ်ရက်ပြီးတစ်ရက်
အခက်အခဲကနေ လွတ်မြောက်ခဲ့ကြတာပဲ မဟုတ်လား....
#crd
မတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
💪❤️
ReplyDeletedone
ReplyDeleteDone
ReplyDelete