Thursday, February 3, 2022


တော်လှန်ရေးသဘောတရား
====================
                              
မောင်စိမ်းနီ

ကြောင်တို့သည်လျှင် 
ကြွက်ကိုမြင်သော်
ဖမ်းချင် သတ်ချင် စားချင်မည်
တစ်ကောင်ချင်းလျှင် အားခြင်းမမျှ
ယှဉ်မရ၍ ကြောင်ကကြွက်ကိုနိုင်စမြဲ...

သို့အတွက်
ကြွက်တို့သည်ကား
လှု ပ်ရှားကာသာ အလိမ္မာနှင့်
လွတ်ရာမြေအောက် တိုးဝင်ရောက်၍
ကျင်းဖေါက်ခိုလှုံ  အသိုက်အုံနှင့်
စုပြုံ နေုကြ ညီညွတ်ကြလော
အချိန်အခါ ရောက်၍လာလျှင်
မဟာရန်ဘက် ကြောင်အိုလက်အား
ချိုးဖျက်ရည်မျှော် တိုက်ပွဲခေါ်ရန်
မြေပေါ်ထွက်ခဲ့ကြကုန်လော ။   ။

             


၁၉၆၉- တော်လှန်ကဗျာစာအုပ်မှ

15 comments:

  1. တစ်ချို့လူတွေရဲ့တန်ဖိုးကိုဥပေက္ခာပြုခံရပြီးမှ
    သိခွင့်ရတယ်

    ReplyDelete
    Replies
    1. သိခွင့်ရတဲ့အချိန်က 😢

      Delete
  2. You click every day, you donate every day, you will be rich in this life and in the next, so click every day 😁😁

    ReplyDelete
  3. Done 💪💪
    ၁၀စက္ကန့်နေပြီးမှပြန်ထွက်ခဲ့လိုက်ပါတယ် ❤️

    ReplyDelete
  4. စည်းလုံးခြင်းရဲ့ အားအင်

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...