Thursday, February 10, 2022


"အခြေအနေများ"

ဘုရားတွေများလို့ တရားတွေပိပြီး
လူတွေ သေပေးနေကြရတဲ့ တိုင်းပြည်

နေစိမ့်တဲ့သူတွေကြားမှာ မနေစိမ့်တဲ့သူတွေက
တော်လှန်ရေး အညောင်းမမိအောင်
တစ်ယောက်လက် တစ်ယောက်တွဲထားရတဲ့ တိုင်းပြည်

ပေါ်ပင်မှာ ပျော်ရွင်တက်ကြပြီး
ရွှေရောင်တဝင်းဝင်းကို ရွှေရည်ထပ်လောင်းကြလို့
တကယ့်အရောင်တွေ မှိန်နေရတဲ့ တိုင်းပြည်

လူထုတော်လှန်ရေးလို့ အော်ပြီး
တကယ့်တကယ်ကျ လက်ခုပ်သံတွေပဲ
အကျယ်ကြီး ထွက်လာတဲ့ တိုင်းပြည်

ချစ်ကြပြီဟေ့ ဆိုရင် သူ ဘာလုပ်လုပ်
မှန်တယ် ထင်ကြပြီး
အပြစ်ပြောသူ ဒို့ရန်သူဆိုတဲ့ သူတွေများတဲ့ တိုင်းပြည်

အဲ့လို ပေါ်ပင်မှာ သာယာနေကြသူတွေကြားထဲမှာ
ငါတို့လို ပါချီပါချက်တွေကလည်း
အုတ်နံရံမှန်းသိသိနဲ့ကို ခေါင်းနဲ့သွားသွားတိုက်‌နေရတော့
ငါတို့ပဲ ပွန်းရပဲ့ရ ဒဏ်ရာရ နာကျင်ရပါပေါ့လေ....😔


San Zuren 🌸

8 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...