Friday, February 11, 2022

စိတ္တဇဆေးရုံ
__________________

ရှေ့တန်းစစ်မျက်နှာက
နေရာအနှံ့လျှောက်သွားနေတယ်

ပြိုတော့မဲ့အဆောက်အအုံတိုင်းဟာ
နန်းတော်တစ်ပိုင်းခံတပ်တစ်ပိုင်းပဲ

ဒါဟာငါတို့ခေတ်ပဲဆိုတဲ့ကောင်တွေက
ရန်သူကိုဇိမ်နဲ့ထိုင်ပစ်နေကြတယ်

နောက်ဘဝမှာဘာဖြစ်မလဲဆိုတာသိဖို့်မပြောနဲ့
အခုဘဝမှာဘာဖြစ်နေလဲဆိုတာတောင်
မသိဘူး
ဟာသတွေပြောရင်းလည်းငိုနေရတာပဲ

ပွင့်နေတဲ့ပန်းကိုဘာပန်းလဲလို့မေးမလား
သုံ့ပန်းလို့ပြန်ဖြေတယ်။

အောင်ခိုင်မြတ်

7 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...