Tuesday, February 15, 2022

ကျွန်တော်တစ်ခု_တောင်းဆိုချင်ပါတယ်

"ဘယ်မြိုမှာတော့ ဒီမိုကရေစီရသွားပြီ၊ မန္တလေး ငြိမ်နေတယ်၊ ရန်ကုန် ရယ်ရတယ်"တွေ လိုင်းပေါ်မှာ အာမချောင်ကြပါနဲ့။ 

မိတ်ဆွေတို့ အဲ့ဒီလိုအာချောင်ကြတဲ့အခါ မြိုပြတွေမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေ၊ UG တွေ၊ 

အဓိက ဆန္ဒပြလူငယ်တွေဟာ အဲ့လိုမဟုတ်ကြောင်းကို ပိုပြီးပြသချင်ကြပါတယ်။ 

UGတွေကတော့ မစ်ရှင်အနေနဲ့မို့ ထားပါ။ 

ပြောချင်တာက လမ်းပေါ်ကို ဘာအပ်တိုတစ်ချောင်းမှမပါပဲ ဆန္ဒထွက်ပြနေကြတဲ့ လူငယ်တွေကိုတော့ ခင်ဗျားတို့ စာနာသင့်ပါတယ်။

ခင်ဗျားတို့က လိုင်းပေါ်မှာ ဘယ်မြိုကတော့ 
ဒီမိုကရေစီ ရသွားပါပြီဆိုပြီး အာချောင်လိုက်တိုင်း 

သက်ဆိုင်ရာဒေသတွေက ရဲဘော်လူငယ်တွေရဲ့ မခံချင်စိတ်က ပိုပြီးပြင်းပြလာပါတယ်၊ 

ထိုအခါ NUG ပရိုဖိုင်တင်ထားတာကို လမ်းပေါ်မှာမြင်ရုံနဲ့ အကြမ်းဖက် ပစ်သတ်နေကြတဲ့ 

စစ်အာဏာရူးတွေ ရှိနေတဲ့လမ်းမပေါ်ကို ဒင်းတို့ကိုလက်မခံကြောင်း 

ကြွေးကြော်ဖိုချီတက်လာကြတဲ့ သူတို့တွေဟာ 

ဒီလမ်းမပေါ်ကိုမထွက်ခင်ကတည်းက သူတို့အသက်တွေအကုန် "ဖက်"နဲ့ ထုပ်ထားကြရတာပါပဲ။

ကိုယ့်ဒေသကို လာကဲ့ရဲ့ရင် စိတ်မကောင်းဖြစ်ရတယ်၊

 "ဒီလောက် ငါတို့လုပ်နေတဲ့ကြားကကွာ" ဆိုပြီး တောက်ခတ်မိမှာတော့ အမှန်ပါပဲ။

 ဘယ်တော်လှန်ရေးရဲဘော်ကမှ "ငါတို့ဒီနေရာမှာ ဒါလုပ်တော့မယ်ဟေ့"လို ပေါ်တင် ကြိုတင် ကြေညာတာမျိုးတွေမရှိပါဘူး။ 
 
နေရာဒေသတစ်ခုကို ကဲ့ရဲ့ချင်တယ်ဆိုရင် အာဏာသိမ်းထားတဲ့ စစ်အုပ်စု အာဏာရူးတွေဘက်က 

ဘယ်နေရာမှာများ အုပ်ချူပ်ခွင့်ရနေသလဲဆိုတာကို ပြန်တွေးကြည့်ပါ။

မြိုပြတွေဆိုတာ ပျော့ပျော့လေးနဲ့ နံကြတဲ့ ကြောင်ချီးတွေစုပြုံရာ နေရာဒေသတွေမို့

 အသက်စွန့်ပြီး လုပ်ကိုင်နေတဲ့သူတွေကို ငဲ့ညှာစာနာသောအားဖြင့် 

လိုင်းပေါ်မှာ ခုနက ပြောခဲ့တဲ့စကားတွေအတိုင်း အာမချောင်ကြပါနဲ့လို့

 ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။

#credit to original uploader

11 comments:

  1. This comment has been removed by the author.

    ReplyDelete
    Replies
    1. အဲလိုလူတွေရဲ့အောင်ပွဲက တနေ့အိမ်ပေါရောက်လာပါလိမ့်မရ် no more crossword

      Delete
  2. ကျန်းမာရေးလဲဂရုစိုက်ပါ
    ကလစ်လဲများများနှိပ်ပါ
    စခတွေကိုလဲသတိထားပါ
    တလရပြီးရင်အတူတူကျန်းကျန်းမာမာနဲ့ပြန်ဆုံချင်ပါတယ်
    Fighting all......

    ..............♥Htet................

    ReplyDelete
  3. စခ တွေကအာရုံများအောင်လဲလုပ်တတ်ပါတယ်
    ပြောတိုင်းလဲလိုက်ခံစားမနေကြပါနဲ့
    အဓိက က
    ကိုယ့်အလုပ်ဘဲ ကိုယ်ဂရုစိုက်ကြပါ

    ReplyDelete
  4. ဟုတ်ကဲ့ပါ သိသိ မသိသိ မန့်ပေးပါဆိုလို့😁

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...