လောကထဲ မတည်ရှိတော့တဲ့လူအတွက်
ဆုတောင်းခြင်းတွေဟာ အဓိပ္ပါယ်ရှိသလား အရေးပါသလား သေချာမသိပါဘူး
သာမန် မွေးနေ့ဆုတောင်းလို ကျန်းမာဖို့ ပျော်ရွှင်ဖို့ထက်
အတ္တနည်းနည်းပိုပြီး ပူဆွေးသောကရောက်နေတဲ့ ဒီမြေကလူတွေက တမ်းတခြင်းပါ
အဲ့ဒီလူသားပျောက်ကွယ်သွားတာ နှစ်၇၀ ကျော်ပြီ
သူသာရှိနေသေးရင် ဒီတိုင်းပြည်ရဲ့ အနာဂတ်ဟာတောက်ပမယ်ဆိုတာသိလို့ လွမ်းဆွတ်ခြင်းပေါ့
သူထွက်ခွာသွားခြင်းဟာ နိုင်ငံ့မျှော်လင့်ချက်
ပျောက်ရှသွားခြင်းဖြစ်တာမို့ ဒီနေ့အထိ ကျွန်တော်တို့ရင်မှာမမေ့နိုင်သေးတာ
ဗိုလ်ချုပ်ရေ...
ဗိုလ်ချုပ်လို့ရေရွတ်မိတိုင်း ဒီနိုင်ငံကလူတွေ မြင်ယောင်မိတဲ့ပုံရိပ်ဟာ တစ်ဦးတည်းပါ
တိုင်းပြည်နဲ့လူမျိုးကို သိပ်ချစ်တဲ့ ဗိုလ်ချုပ်
ဒီနေ့ခေတ်အဖြစ်အပျက်တွေသာမြင်ရင် ဘယ်လောက်ခံပြင်းရှာမလဲ
စားဝတ်နေရေးမပြောနဲ့ မနက်ဖြန်ရှင်သန်ဖို့တောင်
မသေချာတဲ့ဘဝတွေဟာ ဗိုလ်ချုပ်ချစ်တဲ့ တိုင်းပြည်မှာ အများသားပဲ
ဘယ်ဘုံဘယ်ဘဝမှာ ရှိနေမလဲ
အတိတ်ကလိုလူသားတွေ အကျိုးသယ်ပိုးရင်းအနစ်နာခံနေတုန်းလား ကျွန်တော်တို့အားလုံးသတိရလျက်ပါပဲ
အတိတ်လိုမဟုတ် ငြိမ်းအေးတဲ့ဘဝလေးမှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ အိုမင်းသည်ထိ ချစ်ရတဲ့မိသားစုလေးနဲ့ နေထိုင်သွားဖို့ တောင်းဆုပြုပါတယ်
မွေးနေ့ဆုတောင်းမှာ အတ္တဆန်စွာနဲ့
ကျွန်တော်တို့ရဲ့ ဒုက္ခသုက္ခတွေရင်ဖွင့်ရလို့ တကယ်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရပါတယ်
အစဥ်လေးစားလျက်
#Mental_Note

ပန်းမဝင်ခင်
ReplyDeleteတက်
မထောင်ကြနဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ
သတိရကြပါ
လက်တွေ့
တော်လှန်ကြပါ
❤✅
ReplyDeletedone
ReplyDeleteC4T
ReplyDeletedone🐦
ReplyDeleteDone
ReplyDelete