"ကြယ်တွေ ကြွေတယ်"
ကြယ်တွေ ခဏခဏ
ကြွေကြတယ်
ငါ...အိပ်မပျော်လို့
ကြယ်ကြည့်နေတာမှ မဟုက်တာ
ကြယ်တွေကြွေနေလို့
အိပ်မရတာလေ
မှောင်လွန်းတဲ့ ကောင်းကင်ကြီးအောက်
မပြောပလောက်တဲ့
အလင်းစက်လေးတွေက
ကိုယ်စွမ်းရှိသမျှ
တောက်ပပေးခဲ့ကြတာ
ကြွေကျသွားတဲ့
ကြယ်လေးတွေကို မမေ့ကြပါနဲ့
ငါလဲ ကြယ်တစ်လုံးပါပဲ
မကြွေခင်လေးတော့
ရသလောက် လင်းပေးချင်သေးတယ်...
San Zuren 🌸
Good morning admin & all clickers😍 have a sweet day♥
ReplyDeleteမနက်ဖြန်တွက်မသေချာတဲ့ဘဝမှာ
ReplyDeleteဘာကိုစုံမက်ဦးမလဲ..
နေ့သစ်နေရက်တိုင်း
ကောင်းတကာအကောင်းဆုံးလိပ်ပြာလုံလုံ
ကျော်ဖြတ်ကြမရ်💪🏻💪🏻
fighting we must win
မတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
ကြယ်ကြွေတိုင်း ဝမ်းနည်းရပါတယ် ဒီမိုကရေစီက တန်ဖိုးကြီးလိုက်တာ
ReplyDeleteC4T
ReplyDelete❤✅🤝🏻
ReplyDeleteပျော်ရွှင်လွတ်လပ်တဲ့နေ့သစ်တွေ
ReplyDeleteအမြန်ဆုံးရောက်ရှိပါစေ
ကြယ်တွေကြွေမှ RIP လုပ်ရုံနဲ့
ReplyDeleteတာဝန်ကျေပြီထင်နေရအောင်
အာသာပြေတော်လှန်ရေးလုပ်နေတာမဟုတ်ဘူး