Wednesday, February 16, 2022



"ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်"


သမိုင်းအစဥ်အဆက် ဖြစ်ပေါ်ခဲ့တဲ့ စစ်ရဲ့ရည်ရွယ်ချက်ဟာ စစ်ကိုသုတ်သင်ပစ်ဖို့ပဲ ဖြစ်ပါတယ်

မြန်မာပြည်မှာ စစ်မိစ္ဆာဘီလူးတွေ 
ဝေသာလီပြည် ဘီလူးစီးသလို စီးနေတာ တစ်နှစ် ရှိသွားပြီ
ဒီ စစ်မိစ္ဆာဘီလူးတွေကို ပါးစပ်နဲ့ တိုက်ထုတ်လို့မရနိုင်ဘူး
တော်လှန်စစ် ဆင်နွှဲခြင်းသာ သူတို့ကိုအနိုင်ယူနိုင်လိမ့်မယ်
စစ်ကို စစ်နဲ့ သုတ်သင်ပစ်ရမယ်
မလိုအပ်တဲ့ စိတ်ကူးယဥ်မှုတွေကို ကျော်လွှားပစ်ရမယ်

လူထုဟာ နောင် ဘယ်တော့မှ ကျီးလန့်စာစား
မနေရတော့မဲ့ ငြိမ်းချမ်းရေးမျိုးကို အင်မတန် လိုလားတောင့်တနေတယ်
ဒီအခြေအနေဟာ ပကတိဖြစ်ရပ်ပဲ

ဒီတော့ တော်လှန်ရေးကာလမှာ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတဲ့ ပြည်သူတိုင်းဟာ ကျရာတာဝန်ကို အတတ်နိုင်ဆုံး တဖက်တလမ်းက ကူညီပေးဖို့ လိုတယ် 
လက်နတ်ကိုင်ရဲဘော်များဟာလည်း စစ် ကို အနိုင်တိုက်ဖို့ လိုပါလိမ့်မယ်

စစ်ကိုအမြစ်ဖြုတ်မဲ့ တော်လှန်ရေးတိုင်းဟာ ရန်ငြိုးကိုရှေ့တန်းတင်လေ့မရှိဘူး
စစ်ကိုဖြစ်စေတဲ့ စနစ်ဆိုးကို ချေမှုန်းဖို့ တော်လှန်နေတာဖြစ်ပါတယ်

San Zuren 🌸

2 comments:

  1. AA ကလဲ​ပြတ်တရ်..
    KIAကလဲ ယုံကြည်မှုအပြည်ပူပေါင်း
    KAကလဲ နားကျည်းချက်နဲ့အတူဆက်တော်လှန်တုန်း..
    (သိတဲ့အဖွဲ့တွေလောက်)တောင်တန်းပြည်မဆိုရာဝယ် တိုင်းရင်းသားတွေကျေးဇူးတရားကြီးမားလှတရ်🙏

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...