Monday, February 21, 2022

ငါ၏အဓိဋ္ဌာန်
▪▪▪▪▪

ငါ့ဘဝ ငါ့နေ ရာ
ငါ့တံတိုင်း ငါကာရံလို့
ငါဒီဇိုင်း ငါရေးမယ်။
ရိုးတံပဲ ကျဲကျဲ
ရွက်ခြောက်ပဲ ဝေဝေ
ငါ့ဘဝ ငါ့ပန်းတိုင်မှာ
ငါ့ပန်းခိုင် ငါထိုးမယ်။
ငါနှင့်အတူ တွဲဖက်
လိုက်ချင်ရင် လိုက်ခဲ့။
ဇွဲ မရှိသူ နုတ်ထွက်လို့
အသည်းနုသူ ဖြုတ်ခဲ့မယ်။
ရည်ရွယ်ရာ ခရီးလမ်းမှာ
ကြမ်းတမ်းကာ လှိုင်းထန်နေပါစေ
ဇွဲမလျှော့ပါ အားမာန်နှင့်
ရေဆန်မှာ တက်ကျိုးရင်
လက်ထိုးကာ လှော်တတ်လုပ်မယ်
ငါ ဘယ်​တော့မှ နောက်မဆုတ်ဘူး။

 #မဟာသတိ(ကျုံပျော်)

5 comments:

  1. ဒီတလောသတင်းဆိုးတွေများတယ်နော်clickersတို့ရေ... ပိုပြီကြိုးစားကလစ်ကျမယ်
    မိုးဗြဲ ကိစ္စ ဖြစ်ပြီးတည်းက လူကစိတ်နာလန်မထူတော့ဘူးရယ်........

    အဲလိုသတင်းဆိုးမျိုးတွေထပ်မကြားရပါစေနဲ့🙏🙏🙏

    ဆုလေးတစ်ခုတောင်းခွင့်ပြုမယ်ဆိုရင် မအလရေ...ကျေးဇူးပြုပြီးသေပေးပါတော့....😡

    ..............♥Htet......................

    ReplyDelete
  2. ငါတို့အရူံးမပေးသ၍..
    ငါတို့ဘယ်တော့မှမရူံး
    ရူံးမပေးတဲ့ငါတို့သွေး
    အမြဲရဲပါတယ်✊��

    ReplyDelete
  3. ကြယ်​တွေ​ကြွေမှ RIP လုပ်ရုံနဲ့
    တာဝန်​ကျေပြီထင်​နေရ​အောင်
    အာသာ​ပြေ​တော်လှန်​ရေးလုပ်​နေတာမဟုတ်ဘူး

    ReplyDelete
  4. နောက်မဆုတ်ဘူးသွေးမအေးဘူး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...