Tuesday, February 22, 2022

ဘဝဆိုတာ



ဘဝဆိုတာ
-----------------

ဘဝဆိုတာ
ပျိုပြီးရင် အို 
မာပြီးရင် နာ 
နေပြီးရင်သေ ဆိုတဲ့
ဖြစ်စဉ်တွေနဲ့ တည်ဆောက်ထားတာပါ 

နေဖို့အရေး အလုပ်တွေ လုပ်နေကြတာ မရပ်မနားပါပဲ 
နေ့ဖို့အရေး အလုပ်တွေ လုပ်ကြသလို 
သေဖို့အရေးအတွက်လည်း ပြင်ဆင်ထားရမှာပါ 
နေရေးထက် သေရေးက ပိုအရေးကြီးပါတယ်

ဘဝဆိုတာ
နေချင်သလို နေလို့ရတယ်
ဒါပေမယ့်
နေချင်သလောက်‌တော့ နေလို့မရပါဘူး
နေချင်သလောက် မနေရတဲ့ ဘဝမှာ
ကုသိုလ်ရအောင်‌တော့ နေပါ

ဘဝရဲ့ နောက်ဆုံးအချိန်မှာ ကိုယ်ပြုထားတဲ့
ကောင်းမှုကံ စေတနာ မေတ္တာတွေပဲ 
ကိုယ့်ရဲ့ အဖော်ဖြစ်လိမ့်မယ်

နောင်ဘဝမှာ ငါဘာဖြစ်မှာလဲလို့ သိချင်ရင် 
ဒီဘဝမှာ ငါ ဘာတွေ လုပ်နေလဲ ဆိုတာ 
ပြန်သုံးသပ်ပါ
အခုရလာတဲ့ ဘဝလေးကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ🙏


San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...