၈၈ လူထုအရေးတော်ပုံကြီး မဖြစ်ခဲ့ဘူး ဆိုပါတော့။ အဲဒါဆို တောခိုတဲ့ ကျောင်းသားတွေကို ပုဂံခေတ် အရည်းကြီးတွေစတိုင် ပုံဖော်ရိုက်ကူးထားတဲ့ ' ပါပီမ 'ဆိုတဲ့ အပေါစား ဇာတ်လမ်းလည်း ငါတို့ ကြည့်ရမှာ မဟုတ်တော့ဘူး။ ( ' ပါပီမ 'ကိုတော့ ငါတို့ ဖီးလ် လာခဲ့ကြတယ် ) သူငယ်တန်း ကောင်မလေးတစ်ယောက်ပြောတဲ့ သမီးကို မွှေးမွှေးပေးတဲ့ဘဘခင်ညွန့်ရဲ့ နှုတ်ခမ်းမွှေး ငုတ်စိလေးတွေက ယားတယ်ဆိုတာလည်း ကြားရမှာ မဟုတ်ဘူး။ တစ်ချိန်မှာ ငါ့ညီအငယ်ဆုံးကောင်ရဲ့ လက်မောင်းပေါ်ကိုလည်း နှင်းဆီပွင့် တက်တူးကြီး ရောက်လာမှာမဟုတ်ဘူး။ ငါတို့မသိတဲ့ ရပ်ကွက်လေးတွေထဲမှာ ကမ္ဘာပေါ်ကနေ အပြီးပျောက်ကွယ်သွားတဲ့ လူငယ်လေးတွေအတွက် ဆွမ်းသွတ် အမျှဝေနေတာတွေလည်း ရှိမှာမဟုတ်ဘူး။ မင်းမနိုင်က သင်္ချာကျူရှင် အိမ်ရှေ့မှာ ဆေးကျောင်းသားတစ်စု ဖာချဖို့ အလှည့်ကို မဲနှိုက်ရင်း အသေးစား ကတောက်ကဆ ဖြစ်ခဲ့ရတာလည်း ရှိမှာမဟုတ်တော့ဘူး။ အဖြစ်တွေဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့တယ်။ ဆိုက်ကားနောက်မြီးက စာလေးတွေကို ဖတ်ရင်း ငါကြေကွဲမိတယ်။ လောကဓံကို ခါးစောင်းတင်မယ်၊ သမီးလေးအတွက် အဖေ ကြိုးစားမယ် စသဖြင့်ပေါ့လေ။ အဲဒီစာသားထဲက သမီးလေးဟာ နှစ်အတန်ငယ် ကြာတဲ့အခါ မီးမှိန်မှိန်အောက်မှာ ငါ့ပေါင်ကြားထဲ အလုပ်လုပ်နေတဲ့ ဆီတရွှဲရွှဲ လက်တစ်စုံရဲ့ပိုင်ရှင် မဟုတ်ဘူးဆိုတာ ငါ ဘယ်လိုသက်သေပြမလဲ။ ငါ ဆိုတာကြောင့် ဒီအဖြစ်အပျက်တွေဟာ ငါ တစ်ယောက်တည်းနဲ့ပဲ ဆိုင်တာလို့တော့ ခပ်တုံးတုံး ကောက်ချက်မျိုး မဆွဲစေချင်ဘူး။ အဲဒီ ငါဟာ ဘယ်လိုလဲဆိုတော့ ရုရှားအရုပ် ( Russian Doll )လို အရာမျိုး။ အဲဒီ ငါ ဆိုတဲ့ အရုပ်ကြီးထဲမှာ နောက်ထပ် ငါ ဆိုတဲ့ အရုပ်သေးလေးတွေ တစ်ခုနဲ့တစ်ခု ထပ်ထပ်ပြီး စွပ်ထားတာ။ ဒါဆိုရင် တရားခံဟာ ငါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိလောက်ပြီ။ အဲဒီ ငါ အရုပ်တွေ အများကြီး ကြီးပြင်းလာတဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ မြင်ကွင်းကိုတော့ Sam Mendes ရိုက်တဲ့ American Beauty ထဲမှာ ငါ အထိတ်တလန့် တွေ့ရှိခဲ့ပေါ့။ အဲဒါကတော့ ရုပ်ရှင်ထဲမှာ ရစ်ကီရဲ့ အပျော်တမ်း ဗီဒီယိုကင်မရာ အသေးလေးနဲ့ ရိုက်ထားတဲ့ လေထဲမှာ ကြွပ်ကြွပ်အိတ်လေး လွင့်နေတဲ့ scenes ဘာမှအရေးမပါတဲ့ ကြွပ်ကြွပ်အိတ်ကလေး လွင့်နေတာကို လိုက်ရိုက်ထားတာ။ တော်တော်လေး ကြာတယ်။ ငါတို့လည်း ဒီမြင်ကွင်းမျိုး မြင်နေရကျပဲ။ အမှိုက်ကို တွေ့ကရာပစ်တဲ့ ငါတို့နိုင်ငံမှာ ဒီမြင်ကွင်းမျိုး ပိုပေါတာပေါ့။ လမ်းပေါ်မှာ လမ်းဘေးမှာ ကြွပ်ကြွပ်အိတ်ကလေး လေထဲ လွင့်နေတာ။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ ကြည့်လို့ လှတယ်။ ကြည့်ရင်းနဲ့ ငါ ဝမ်းနည်းလာတယ်။ အစွန့်ပစ်ခံထားရတဲ့ အသုံးမဝင်တော့တဲ့ တစ္ဆေတစ်ကောင် လေထဲမှာ ပျံဝဲပြီး ကနေသလိုမျိုး။
-အောင်ခင်မြင့်
(တကယ်မရှိသောနှစ်များ)
#Collageby poetry of life
Sometimes I miss the impossible,
ReplyDeleteI know it's impossible, but I'm expecting it.
Sometimes it is encouraging that nothing in the world is impossible,I do not know what is at the end of the road, but I want to go crazy once in a while.
Good luck, where are you? Will you meet me? Sometimes I want the flower to blossom and the fragrance to dissipate.The difference between two unexpected junctions: sometimes it's born.
....................♥Htet........................
အရေးတော်ပုံအောင်ပြီးရင် ပထမဆုံးလုပ်ရမှာက
ReplyDeleteကြွေလွင့်သူရဲကောင်းတွေအတွက် အမျှဝေပေးရမယ်..
*ရှင်ကျန်သူတွေရဲ့တာဝန်
ကျနော်တို့ရဲ့နေ့စဉ်ရက်များဟာ
ReplyDeleteဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ဟိုဘက်မှာ
ဘာများရှိပါသလဲ..။
-မောင်ချောနွယ်
done
ReplyDeleteခွင့်မလွှတ်ကြေး❤✅
ReplyDelete⭐🌟🏃😭
ReplyDelete