Saturday, February 5, 2022


ပြည်သူ့ တော်လှန်ရေး


ယနေ့ မြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာ PDFတွေအားကောင်းမှု့အပေါ် မှီတည်နေပါတယ်

မည်မျှအင်အားကြီးတဲ့ စစ်တပ်ကြီးဖြစ်ပါစေ
ပြည်သူနှင့်စစ်ခင်းလို့ မရပါဘူး
နိုင်အောင်တိုက်ဖို့ မစွမ်းနိုင်ပါဘူး

ပြည်သူ့ထောက်ခံတဲ့ ပြည်သူကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့စစ် အမှန်တကယ် အင်အားကောင်းလာခဲ့ရင်
PDFဟာ ပြည်သူ
ပြည်သူဟာ PDFဆိုတာ
တထပ်တည်းကျလာခဲ့ရင် ဘယ်အရာမဆို ရိုက်ချိုးဖျက်ဆီးနိုင်ပါတယ်

ဒါကြောင့်  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကျောထောက်နောက်ခံပေးမှု့ 
ပြည်သူကိုယ်တိုင်ဝန်းရံပါဝင်မှု့နှင့်
အတူ  PDFဆိုတဲ့ တော်လှန်ရေးမြှားဦးဟာ   
"စစ်အာဏာရှင်တံတိုင်း"ကို  ဖြိုခွင်းဖျက်ဆီးနိုင်တဲ့ တခုတည်းသော  မြန်မာပြည်ရဲ့ လွတ်မြောက်မှု  ဖြစ်ပါတယ်

အာဏာလက်မလွတ်ရရေး အတွက် ဘာမဆိုလုပ်ဖို့  ဝန်မလေးတဲ့ကမ်းကုန်အောင် ရက်စက်ယုတ်မာတဲ့ စစ်ဘီလူးတွေနှင့်  ရင်ဆိုင်တော်လှန်တဲ့အခါ ဘယ်နိုင်ငံရေးသမား ဘယ်နိုင်ငံရေးကစားပွဲတွေကမှ သူတို့ကို ကျရှုံးအောင်  မြန်မာပြည်ရဲ့စစ်မှန်တဲ့ လွတ်မြောက်မှု့ကို မဖော်ဆောင်နိုင်ပါဘူး

ပြည်သူထောက်ခံတဲ့ လက်နက်ကိုင်  ပြည်သူ့တော်လှန်ရေးကသာ  ပြည်သူ့ဘဝလွတ်မြောက်မှု့ကို ဆောင်ကျဥ်းပေးနိုင်မှာ ဖြစ်ပါတယ်

ဒါကြောင့် ပြည်သူ့ဘဝအနာဂတ်သာယာလှပဖို့အတွက် PDFတပ်ဖွဲ့တွေကို ဝန်းရံခြင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဝန်းရံခြင်း

ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်သူ့စစ်ပွဲကြီးကို  နည်းလမ်းမျိုးစုံဖြင့်  ပူးပေါင်းဆင်နွဲကြရပါမယ်

" ပြည်သူ့စစ်" ဖြင့် စစ်အာဏာရှင်စနစ်ကိုမြေလှန်ဖျက်ဆီးကြမည်
" ပြည်သူ့စစ် " ဖြင့်ရာဇဝတ်ကောင်စစ်အုပ်စုကို တရားစီရင်ကြမည်


San Zuren 🌸

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...