Saturday, February 5, 2022


ဒီမိုကရေစီတဲ့


ကိုယ့်အိမ်မှာကိုယ်နေတယ်
အိမ်ရှင်မဟုတ်ဘူး
ဧည့်သည်လို့သတ်မှတ်တယ်

ကိုယ့်ပိုက်ဆံနဲ့ ဝယ်တဲ့ ကိုယ့်ဖုန်း 
ရဲရဲမကိုင်ရဲဘူး
ကိုယ့်မိဘ ဆရာသမားတွေကတောင်
FB,  Messenger, Gallery စေ့စေ့ ပေါက်ပေါက် မစစ်ဘူး 
အဓမ္မဘက်‌တော်သားတွေ 
စစ်ချင်သလို စစ်တာခံရတယ်

ကိုယ်ဆိုင်ကိုယ်ပိတ်မယ်
ကြိုက်တဲ့အချိန် ကြိုက်တဲ့နေ့
ပိတ်ခွင့်မရှိဘူး
ဖမ်းမယ် ဆီးမယ် ထောင်ချမယ်

ဒီလောက် လူ့အခွင့်အရေးချိုးဖောက် နေသူ ဆီက "ဒီမိုကရေစီ" ကို စည်းတကျ နည်းလမ်းတကျ 
ဖော်ဆောင်ပါ့မယ် ဆိုတာကို 
ဆယ်ဘ၀‌ပြန်သေပြီး ပြန်ထပြောတောင် မယုံဘူး

ဒီလောက် မြင်သာအောင် ယုတ်မာနေတဲ့အဖွဲ့ကိုလဲ ယုတ်မာတယ်လို့ 
မမြင်နိုင်တာဟာ အခုချိန်ထိအောင် ယုံနေကြသူတွေဟာ ကိုယ်တိုင်ကလည်း ယုတ်မာတဲ့ ဓာတ်ခံရှိလို့ ထင်ပါရဲ့

San Zuren 🌸

9 comments:

  1. စည်းကမ်းရှိပြီး စည်းလုံးညီညွတ်မှသာလျှင် ပန်းတိုင်ကိုရောက်မည်

    ReplyDelete
  2. ပြည်သူ့ဘက်​တော်သား PDFများ ဘေးကင်းရန်ကွာ၍ အောင်မြင်မှုအဖြာဖြာ ရရှိကြပါ​စေ

    ReplyDelete
  3. Replies
    1. ဂရုစိုက်ပါ phတွေကို

      Delete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...