Wednesday, February 23, 2022



လူပဲသွေးလိုမယ်ထင်ခဲ့တာ
တိုင်းပြည်တစ်ပြည်ဟာ သွေးလိုနေပြီ။

ငါ့ကောင်မလေးက ငါ့ကိုချစ်သလို
အာဏာရှင်တွေက တိုင်းပြည်ကိုချစ်ရင်
သိပ်ကောင်းမှာပဲ...

အပျော်တမ်းမှမဟုတ်တာ
မပျော်လည်းတမ်းတတယ်။   ။

-အောင်ခိုင်မြတ်

11 comments:

  1. လူမျိုးကြီးဝါဒနဲ့ ကိုယ်ကျိုးရှာ တွေက..
    သေသော်ငရဲလား မှာ အသိတရားရမှာပါ

    ReplyDelete
  2. ချစ်လှစွာသော

    လောကဓံတရားရေ...

    ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ 

    ချစ်နေရပါတယ် ။


    -မောင်ချောနွယ်

    ReplyDelete
  3. Welcome to March!
    Bring happiness............
    Bring a lot of good luck..........
    Please bring lots of love.......
    Help prevent the stars from falling............
    Dear March, you're going to be with me for a month, so bear with me my insanity😘

    .....................♥Htet.........................

    ReplyDelete
  4. --ငါတို့လူငယ်ဘဝ--

    တောအုပ်က ခါချလိုက်တဲ့သစ်ရွက်တွေလို
    သူတို့ နွေရာသီမြစ်ကြီးထဲမျောသွားကြတယ်။

    မုန်တိုင်းကြောင့်
    ပင်လယ်ထဲ နိမ့်ဆင်းသွားတဲ့သင်္ဘောကြီးလို
    စစ်ကြောင့် စောင်းကျသွားတဲ့တိုင်းပြည်ထဲ
    သူတို့အခက်အလက်တွေ ပြန်မရခဲ့ကြ။

    ဂစ်တာသံတွေကြောင့်
    ဒီပခုံးထက်က ကြယ်တွေ လန့်သေကြမယ်ဆိုရင်
    ကျွန်တော့်လူငယ်ဘဝကို ရတဲ့နည်းနဲ့ ပြန်စမယ်။

    -ခရမ်းပြာထက်လူ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...