ထားဝယ်မြို့နယ်အတွင်းမိုးဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်ပြန်ရောက်ခါစစစ်ရှောင်များ အခက်ခဲကြုံတွေ့
တနင်္သာရီမြို့နယ်၊ပဝရွာအနီးစစ်ဘေးရှောင်များကူညီလိုအပ်နေ
ထားဝယ် ၊ဖေဖော်ဝါရီလ ၂၀ရက်
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့
နယ်၌ မိုးဆက်မပြတ်ရွာသွန်းမှုကြောင့်စစ်ရှောင်ခြံလုပ်ငန်းလုပ်ကိုင်သူများအခက်ခဲဖြစ်နေရသည်။
ဖေဖော်ဝါရီ(၁၅)ရက်မှ(၂၀)ရက်အထိရှေ့တောဒေသမှာမိုးဆက်မပြတ်ရွာသွန်းမှုကြောင့် ရာဘာခြံလုပ်သမားများနှင့်ကွမ်းသီးခြံလုပ်သမားတို့ လွန်စွာအခက်ခဲဖြစ်နေရကြောင်း ရွာသားတစ်ဦးကဆိုသည်။
"အိမ်ပြန်ရောက်လာတာမကြာသေးပါဘူး။ဟိုတလောကစစ်ဖြစ်လို့စစ်ဘေးရှောင်နေရတာအခုမှပြန်လာပြီးခြံလုပ်မယ်ရှိသေးတာမိုးကရွာတော့ပြန်နားနေရတယ်"ဟု၎င်းကပြောသည်။
ထိုအရှေ့တောဒေသ၊ရေဖြူမြို့နယ်၊ကလုံးထာရွာအနီးတို့တွင် တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားခဲ့၍ ဖက်ဆစ်တပ်ကအပြစ်မဲ့ပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့ပါသည်။
လက်ရှိတွင်ကျေးရွာများ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိပေမဲ့စစ်ဘေးရှောင်တချို့မှာနေအိမ်ပြန်လာနိုင်၍
တချို့မှာပြန်မလာနိုင်သေးကြောင်း စစ်ရှောင်ရွာသားတစ်ဦးက ရှင်းပြသည်။
အဆိုပါ တနင်္သာရီမြို့နယ်၊ပဝရွာအနီးပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့နှင့်ဖက်ဆစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်
နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့်ကျေးရွာနေပြည်သူ(၉၀၀)နီးပါးခန့်နေအိမ်စွန့်ခွာပြီးစစ်ရှောင်နေရ၍ဆေး
ဝါးနှင့်စားနပ်ရိက္ခာများလိုအပ်နေကြောင်းသိရှိရသည်။
Dawei Information Center
ပုံစာ - တနင်္သာရီမြို့နယ်မှစစ်ဘေးရှောင်ပြည်သူများဖြစ်ပါသည်။
Done
ReplyDeleteအားလုံးဘေးကင်းကြပါစေ
ReplyDeleteငါတို့မှာငါတို့ပဲ့ရှိခဲ့ပါတယ်..
ReplyDeleteအများကြီး မပါဝင်နိင်ရင်တောင်
ဒေသ campaign တွေမှာ ပါဝင်ကြအောင်
ဗျာ����
done
ReplyDeleteBe safe all.
ReplyDeleteကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် ပိုကလစ်ကြပါ
ReplyDeleteFighting
ReplyDeleteပဝရွာမ
ReplyDeleteပဝကျွန်းရှည်
ပဝေချာင်းထဲ
သက္ကယ်ကျော်
ဝါသ စတဲ့ ရွာတွေကနေ စစ်ရှောင်နေရတာပါ။
ခုက မိုးရွာနေတော့နေရေး ထိုင်ရေးလည်း ပင်ပန်းနေပါတယ်။
ဘယ်လောက်တောင် ဒုက္ခများလိုက်ကြမလဲ။ကလေးတွေ၊သက်ကြီးရွယ်အိုတွေ
ReplyDelete