တရွေ့ရွေ့ ခရီးတွေနှင်ခဲ့ကြ
နှစ်ကာလများအတော်ကြာခဲ့တယ်
သန္ဓေ မမှန်တဲ့လူတွေနား
ငါ့မှာ ငြိရတွယ်ရ ။
အားနာနာနဲ့ကောင်ဆိုတော့
ဖြစ်ရပျက်ရလည်း
ဒဏ်ရာကို စိတ်ကမနာဖြစ်ပါဘူး
ချစ်ခင်မြတ်နိုးတဲ့သဘာဝကို
မလွန်ဆန်နိုင်လေတော့
ချစ်ခင်တတ်လွန်းတဲ့ကိုယ့်ဘာသာကိုပဲ
အပြစ်တင်တယ် ။
လူတွေဟာကြောက်ဖို့ကောင်းတယ်
ခေတ်ပျက်ကြီးမှာ
ကိုယ့်ကမ္ဘာတခြမ်းလင်းနေရတာကို
ကြည့်ပြီး
ကျန်ကမ္ဘာတခြမ်းမှာလည်းလင်းမယ်ထင်တယ်။
ရပါတယ်
အနိမ့်အမြင့်
အတက်အကျပေါ့ကွာ
ဒီခန္ဓာမနွမ်းတရွေ့တော့
ငါတို့ဆက်လျှောက်ရမှာပေါ့
ဘယ်သူဘာတွေဖြစ်နေနေ
ငါတို့ရိုးသားနေရမယ်။
LuAh
အိမ်ပြေးတွေရဲ့ည
Raindrops can form lakes, or small streams can form oceans, If we are all united, we can be on par with the rest of the world, not to mention Junta.
ReplyDeletetill the end
ReplyDeleteDone🦜
ReplyDeleteNever give up your purpose universal truth, keep on fighting. Have a safe and sound in your journey all of my dear bro & sis...
ReplyDeleteNever give up.
ReplyDeleteဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။မှောင်နေတဲ့တခြမ်းကို လင်းအောင်မလုပ်နိုင်သေးရင် လင်းနေတဲ့နေရာတွေပါမှောင်လာမှာပါ။
ReplyDeleteရိုးသားချင်ပါတယ် 😪
ReplyDeleteFone
ReplyDeleteခေတ်ပျက်ကြီးဆိုတော့
ReplyDeleteသံယောဇဉ်သမားတွေ
အကျအဆုံးများပါတယ်။
- ကောက်ကွေ့