Sunday, February 20, 2022



ရောင်နီသာတဲ့နေ့
-----------------------

ဒီလောက်လေးပဲ ရောက်အောင်လာဖို့
ဒီလမ်းကို စခဲ့တာမဟုတ်ဘူး
ငါတို့မှာ ငါတို့ပဲရှိတယ်
ကိုယ့်ကိုယ် ကို တွန်းကြမယ်
လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ကြမယ်

ဘယ်နေရာ မှာ
ဘယ်စခန်း တွေ ကျကျ
ဘယ်လောက် ပဲ ဖိနှိပ်ခံရ ခံရ
တော်လှန်ရေး အင်အားစု
ပို ပို များပြားလာတာ အမှန်ပဲလေ

သမိုင်းတစ်ခု ကျန်နေစေဖို့ အလုပ် လုပ်ကြမယ်
အကြွေးရှိတဲ့ ဆီက အကြွေးတောင်းကြမယ်
တန်ဖိုးရှိတဲ့ဘယ်အရာမှ လွယ်လွယ်မရပါဘူး

နေဝင်ညကို ကူးဖြတ်ရဲမှ
ရောင်နီသာတဲ့ နေ့သစ်ကို ရပါမယ်


San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...