Thursday, February 17, 2022

အာဏာရှင် ကပ်တဲ့ အာရုဏ်ဆွမ်း 

ဝက်သား မဟုတ်ပါဘူး ပြီးခဲ့တဲ့အပတ်က 
ကျည်ဆံထိသေသွားတဲ့ ကျောင်းသားလေးရဲ့ပေါင်သားပါ
ဘုန်းပေးတော်မူပါ . . .ဘုရား
ငါးငပိရည် မဟုတ်ပါဘူး
ဒီမနက်မိုးလင်းခါနီးလေးကမှ
ဗုံးကြဲပစ်လိုက်တဲ့ တောင်တန်းဒေသရဲ့အရိုးတွေ
တို့စရာလေးတွေ မစုံလို့လား ဟင်
သေသေသပ်သပ် လှီးထားတယ်လေ
လတ်လတ်ဆတ်ဆတ် သခွားသီးအကွင်းလေးလား
အလယ်ကဟာကို သခွားစေ့လို့ မထင်ပါနဲ့နော်
အဲဒါ ဖမ်းပြီး 
ဖောက်ထုတ်လိုက်တဲ့ နိုင်ငံရေးသမားရဲ့မျက်လုံးလေးပေါ့

မွှေးနေတဲ့အကင်လေးတွေကိုရော
လျှောခနဲ ဝင်သွားအောင် 
 ပြည်သူ့မျက်ရည်ကို အပူပေးပြီး ကျိုထားတဲ့
ဟင်းချိုလေးနဲ့ သုံးဆောင်တော်မူပါလား
အဲဒါ . . အဲဒါ
အအီပြေအောင် အချဉ်ရည်လေး ယူပါဦး
နိုး နိုး ငရုတ်နှစ် မဟုတ်ပါဘူး 
လမ်းမပေါ်က သွေးတွေကို
ခဲပျစ်အောင် အဓမ္မနည်းနဲ့ လုပ်ထားတာပါ. . .ဘုရား
ဝရဲ့လား ပြည့်စုံရဲ့လား လုံလောက်လား
ဆွမ်းပူပူ ဖြူဖြူလေးတွေပေါ်မှာ
"ဒို့သာသနာ" လို့ ရေးထားတာ ပျော်ရဲ့လား
လက်ဆေးတော်မူပါ . .ဘုရား
အချိုပွဲကို ဘာတည်းဦးမလဲ
နောက်ထပ် အသက်ပေါင်းများစွာ
သေမယ့်စစ်ပွဲတွေလား 
ပြန်မကြွခင် . . .
"ဒကာနဲ့ဆရာ ငရဲကို အတူတူ သွားစို့" ဆိုတဲ့ 
စကားမပါဘဲ တရားကို ဟောသွားပါဦး အရှင်ဘုရား ။

- မောင်ရေချမ်း


7 comments:

  1. Good morning admin & all clickers😍 have a sweet day♥

    ReplyDelete
  2. ဦးတည်ချက်သည် စစ်အာဏာရှင် ကျဆုံးရေး
    ကျန်တဲ့ဘယ်လမ်းမှာ သွေမဖယ် အပြစ်မယူ..
    စစ်အာဏာရှင် မုချကျဆုံးရမည်

    ReplyDelete
  3. အ​ရေး​တော်ပုံ ​အောင်ရမည်

    ReplyDelete
  4. ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရမည်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...