ကျောင်းဖွင့်ချိန်
---------------
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
၀ိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ဝိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တဝဲ၀ဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...
တာရာမင်းဝေ(ကျောင်းဖွင့်ချိန်ကဗျာမှ)

done
ReplyDeleteအိုကပ်ဘေး
ReplyDeleteကိုဗစ်ရေမင်းမလွန်ပေ
ဗမာ ဗမာအချင်းချင်းပြန်သတ်တဲ့
စခမဒိန်းလူသတ်မီးရှို့တာတွေကို
မခံချင်စိတ်နဲ့ မတရားမှုမှန်သမျှ
တော်လှန်ကြတဲ့ငါတို့ကျောင်းသားပြည်သူတွေ
တရားကျပေမဲ့ ငါတို့ကျောင်းတက်ချိန်ကျောင်းဖွင့်ချိန်မှာ
ကျောင်းတက်ခွင့်မရတဲ့ ချိန်တွေနေရက်တွေကတရားမကျလွန်းပါတယ်။
"ပေးဆပ်ထားတဲ့ တော်လှန်ရေး
ReplyDeleteသွေးအေးသွားရင် ခွင့်မလွှတ်ကြေး"
Done.
ReplyDeleteအရမ်းခက်ခဲတဲ့အခါ
ReplyDeleteဟိုးအဝေးအနာဂတ်ကို သိပ်မတွေးပါနဲ့။
ဒီကနေ့ကိုပဲကြိုးစားကျော်ဖြတ်နိုင်ဖို့
ကိုယ့်ကိုယ်ကိုယ် အားပေးကြည့်ပါ။
"ဒီနေ့ကိုကျော်ဖြတ်မယ်" ဆိုတာ
အခက်အခဲအားလုံးအတွက် ကျိန်စာပါ။
ဒီကနေ့ကို အားတင်းကျော်ဖြတ်ရင်း
တစ်ရက်ပြီးတစ်ရက်
အခက်အခဲကနေ လွတ်မြောက်ခဲ့ကြတာပဲ မဟုတ်လား....
#crd
ခွင့်မလွှတ်ကြေး
ReplyDeleteမတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
Done
ReplyDeleteမှန်တာပြောရင် ရွာအပြင်ထုတ်ခံရမယ်တဲ့...
ReplyDeleteလာခဲ့ဗျာ ကျနော်တို့တွေမှန်တာပြောရင်း
ရွာပြင်မှာ မြို့တည်ကြမယ်
done
ReplyDeleteHeart touching 😥
ReplyDeleteDone
ReplyDelete