"ဒါကြီးပြီးသွားရင်"
ဒါကြီးပြီးသွားရင်
နေရောင်ခြည်အောက်မှာ
လမ်းလျှောက်မယ်
မြေကပ်ပန်းဝါဝါလေးတွေဆီ သွားမယ်
ဒါကြီးပြီးသွားရင်
မင်းတို့မြို့ကရထားတွေ
ငါတို့မြို့ကိုဝင်လာမယ်
ငါတို့မြို့ကရထားတွေ
မင်းတို့မြို့ကိုဆိုက်မယ်
ဒါကြီးပြီးသွားရင်
အခန်းအောင်းပြီး
စာရေးတဲ့စာရေးဆရာတွေ
စာအုပ်တွေ တစ်အုပ်ပြီး
တစ်အုပ်ထွက်လာမယ်
ပျင်းရိသောအနုပညာရှင်ကတော့
အဲဒီစာအုပ်တွေ
တစ်ခုချင်းလှန်ကြည့်နေမှာပဲ
ဒါကြီးပြီးသွားရင်
လက်ဖက်ရည်ဆိုင်က
လက်ဖက်ခြောက်နံ့ဟာ
နို့နံ့ရောလို့
လမ်းပေါ်ကို ရောက်လာမယ်
ဒါကြီးပြီးသွားရင်
မြို့လယ်ကောင်က ရုပ်ရှင်ရုံမှာ
ရေခဲခေတ်သို့ဆိုတဲ့
ဇာတ်ကားပြန်ကြည့်မယ်
ဒါကြီးပြီးသွားရင်
စာတိုက်ကိုသွားပြီး
စာတစ်စောင်ထည့်မယ်
ဒါကြီးပြီးသွားရင်
ရေခဲမုန့်ဆိုင်သွားပြီး
တစ်ခုဝယ်စားမယ်
ဒါကြီးပြီးသွားရင်
ဈေးပေါသော mask ကလေးလို့
ဝတ္ထုတစ်ပုဒ်ရေးမယ်
ဒါကြီးပြီးသွားရင်
အိမ်ကိုရောက်အောင် ပြန်မယ်ကွယ်။
-နေမျိုး
I was born in a time of great adversity, No one has a secure future for tomorrow, That is why my birth parents, the environment in which I grew up, the friends who met me for the rest of my life,
ReplyDeletewant all the world I live in to be peaceful.
So I want to be responsible for the world I live in while I live. I want to be safe.
--4010 5005 3283 4953
်
Ooredoo ပါရှင် လိုအပ်ရင်ယူသုံးပါ မိတ်ဆွေတယောက်လှူထားတာပါ������
ဓမ္မဘက်တော်သားများ ဘေးကင်းအောင်မြင်ပါစေ
ReplyDeletedone
ReplyDeleteDone
ReplyDeleteဒါကြီးပြီးသွားရင် မြို့ပြနဲ့ဝေးတဲ့အရပ်ဆီကို ခရီးထွက်မယ်
ReplyDeleteဒါကြီးပြီးသွားရင်
ReplyDeletegood night
ReplyDeleteဒါကြီးပီးသွားရင် ဲခွဲခြားဆက်ဆံတာတွေလျော့လာမရ်..
ReplyDeleteဒါကြီးပီးသွားရင်..လူငယ်တွေဲထဲခေါင်းဆောင်းကောင်း
ရဲဘော်ရဲဖက်စိတ်အပြည့်ဝရှိတဲ့ လူငယ်သူရဲကောင်းတွေကို
ဦးစီးဦးဆောင်စေချင်တယ်