Monday, February 7, 2022


တော်လှန်ရေးဟာ ဘာကြောင့် ကြာသင့်တာထက် ပိုကြာနေတာလဲ ဆိုရင် ... 

ပါဝင်သင့်သလောက် မပါဝင်လို့ လို့ပဲ ဖြေရပါလိမ့်မယ်။ 

▪️လူအများစု ရာခိုင်နှုန်း ခပ်ကြီးကြီး တစ်ခုဟာ "တော်လှန်ရေး အလွန်ကာလ" ကိုပဲ မျှော်ကြည့်နေကြတာ များတယ်။ 

အဲဒီလူတွေဟာ တော်လှန်ရေး အောင်မြင်ချင်လား ဆိုရင် အောင်ချင်ကြတယ်၊ 
ဘယ်တော့လောက်ပြီးမလဲ? ဆိုပြီး တော်လှန်ရေး ကိုလည်း မြန်စေချင်တယ်။ 

ဒါပေမယ့် သူတို့ရဲ့ စိတ်အာရုံနဲ့ တည်ဆောက်မှုဟာ သူတို့ ကိုယ်ပိုင်ဘဝအတွက်ပဲ ရှိနေတယ်။ 

တကယ်တော့ တော်လှန်ရေး ဟာ ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတဲ့ လမ်းကြောင်းက ထင်းထင်းကြီး မြင်သာနေပြီ။ 

နိုင်မှာလား? မေးရင် ကိုယ့်ဘက်က နိုင်ဖို့ဆိုတာကလည်း ရာခိုင်နှုန်း တိုးလာနေပြီ။ 

ဘာလို့ ဒီအခြေအနေမျိုးမှာတောင် အနာဂတ်အတွက် အစစ အရာရာ ကောင်းမယ့် ဓမ္မဘက်ကို လောင်းကြေး မထပ်ရဲရတာလဲ? 

ရှေ့မှာ မြေပြင် လက်တွေ့လုပ်နေတဲ့သူတွေက လုပ်ရင်း အသက်ပါ ပေးနေရတာ နေ့စဥ်လို မြင်နေရချိန်မှာ ပျော်သလိုနေရင်း အချိန်တန် တော်လှန်ရေးက သူ့ဘာသာ အောင်မှာပါ ဆိုတာမျိုး စိတ်ထားတဲ့သူ များလာရင် မကောင်းတာ အမှန်ပါ၊ 

ပန်းတိုင် နီးလာလေ ပိုအားစိုက်ဖို့ လိုလာလေပါ၊ တော်လှန်ရေး အလွန် အနာဂတ် ဆိုတာ တောလှန်ရေး အောင်မြင်မှ ရှိမယ့်အရာ ဆိုတာလေးတော့ သတိပေးချင်ပါတယ်။

8 comments:

  1. အဆုံးထိပြန်လည်ထူထောင်ရေးထိတွေးထားပါတယ်..
    ပင်ပန်းမရ်ခက်ခဲ့မရ်ရင်းရမရ် ဒါတော်လှန်ရေးပဲ့..
    ကိုကျားပေါက်ပြောသလို ကိုယ်ဘယ်ပိုင်းကိုအပိုင်ကိုင်မလဲ
    ကိုယ်ပိုင်တဲ့လမ်းအဲတိုင်းဆက်လျှောက်မရ် တခုတခုရွေးအဆုံးထိစိတ်ခိုင်ခိုင်နဲ့ဆက်သွားကြမရ်💪🏻ငါတို့တွေနိင်မှာ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...