Thursday, February 24, 2022

တော်လှန်ရေးက ဒီအခြေအနေနဲ့ဆို
ဘယ်လိုမှကို အားရစရာမရှိဘူး
အဖက်ဖက်ကနေ ပဲ့နေတယ်
လူထုရဲ့ ပါဝင်မှုက သိသိသာသာ
လျော့ဆင်းလာနေတာကိုတော့
ဘယ်သူမှငြင်းမယ်မထင်ပါဘူး

ဖြစ်နိုင်ရင် အသံတွေဝင်တဲ့ထိ
အော်ပြီးသာ ဆဲပစ်လိုက်ချင်တယ်
ဒါပေမဲ့ ဘာထူးမှာလဲ

ဘာနဲ့သွားတူလဲဆိုတော့
ကျွန်တော်တို့ကျောင်းတုန်းကလိုပေါ့
ကျောင်းပျက်တဲ့လူတွေများတဲ့နေ့ဆို
အဆူခံရပါပြီ
အဆူခံရတာ ကျောင်းပျက်တဲ့ကောင်တွေလားဆိုတော့
ဟင့်အင်း။ သူတို့က သိတောင်မသိဘူး
ကျောင်းသွားတက်တဲ့ကောင်တွေပဲ နားငြီးတာ။

ကျွန်တော့်အနေနဲ့ "ကျွဲပါးစောင်းတီး" ဆိုတဲ့
စကားပုံကို မယုံသင်္ကာနဲ့
အကြိမ်ကြိမ်သံသယဖြစ်ဖူးတယ်
ကျွဲက ဘာလို့ စောင်းသံကိုနားမလည်တာတုန်း
ကျွဲတစ်ထောင်မှာ တစ်ကောင်လောင်ကတော့
နားလည်ရင် လည်မှာပေါ့
ရှေးလူကြီးတွေက ပေါက်လွတ်ပဲစားတွေ ပြောပြန်ပြီ ဘာညာ
တကယ်တော့ အာ့တာဟုတ်တယ်
ပြောမရ ဆိုမရတဲ့ သတ္တဝါတစ်အုပ်က
လောကကြီးထဲမှာ သေချာပေါက်ကိုရှိတယ်

အာ့တော့ ပြောမရမယ့်တိရစ္ဆာန်တွေကို
ပြောနေမယ့်အစားတော့
အချင်းချင်းပဲ အားပေးပြီး
ဒီ့ထက်ပိုလှုပ်ရှား ရုန်းကန်ကြတာပေါ့လေ

ပြောမယ်သာပြောသာ
ဘယ်လိုဘယ်နည်းတော့ ကြပ်တည်းလာပြီဆိုတာ
လုပ်နေတဲ့လူတွေက ပိုသိတယ်
ဒါအပိုပြောတာ မဟုတ်ဘူး
Acc တွေ freeze ရင် sim card ပါတန်းပိတ်တာ
သိပြီးကြပြီလား?
မသိရသေးလဲ အော် အာ့လိုတောင် ကြပ်နေပြီဆိုပြီး
စိတ်ထဲမှတ်ထားလိုက်ကြပါ။
တစ်ခုတော့ရှိတာပေါ့
မကြိုးစားခဲ့လို့ ဆုံးရှုံးလိုက်ရတဲ့
အရာတစ်ခုအတွက်တော့
ဝဋ်ကြေတန်းကြေ ဝမ်းမနည်းပေးကြနဲ့ပေါ့လေ။

ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ ပိုပြီးရုန်းကန်ကြရအောင်ပါ။
ကျန်းမာရေးလဲဂရုစိုက်ကြပါ။
ကျွန်တော်တို့ဖြတ်ကျော်ခဲ့တဲ့
အမှောင်ဆုံးနေ့တွေ အတော်များပြီးပဲ
နေပြိုကျသွားတာမဟုတ်ရင်
အလင်းရောင်တော့ တွေ့ဦးမှာပါ။

Harry

10 comments:

  1. ကိုယ့်အသိနဲ့ကိုယ် တာဝန်ထမ်း​ဆောင်ကြမည်

    ReplyDelete
  2. ပြည်သူတွေရဲ့ပါဝင်မှု အားနည်းတယ်။
    ကိုယ်နဲ့မဆိုင်သလို နေနိုင်လွန်းကြတယ်

    ReplyDelete
  3. ကျ​နော်တို့မှာ ကျ​နော်တို့ပဲရှိတယ်

    ReplyDelete
  4. အမှောင်ညတွေကို
    လင်းစေချင်ပြီ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...