Saturday, February 5, 2022


ပြည်သူမှ ပြည်သူသို့
==============
၂၀၂၁ ဖေဖော်ဝါရီ
၁ ရက်နေ့မှစ...
ပြည်သူတွေရဲ့ မျက်ရည်
ပင်လယ်ကြီးပမာ
စီးဆင်းနေတဲ့ မြန်မာပြည်...။
ပြည်သူတွေရဲ့ သွေးတွေ
မြစ်ကြီးပမာ 
စီးဆင်းနေတဲ့ မြန်မာပြည်....။
ပြည်သူတွေရဲ့ မျက်ရည်
ပြည်သူတွေရဲ့ သွေးတွေ
ရပ်တန့်စေချင်တဲ့ ရည်ရွယ်ချက်
သိတက်စ ကလေးကအစ
အိုမင်းတဲ့ အရွယ်တွေပါမကျန်
ပင်ပန်းဆင်းရဲတွေခံ
ပါဝင်နေကြတဲ့
တော်လှန်ရေး...။
သန်းကြွယ်တန်းစားမှသည်
ဆင်းရဲသားသို့တိုင်
ပါဝင်ဆင်နွှဲ ပေးဆပ်ကြတဲ့
တော်လှန်ရေး...။
အလွှာအဆင့်ဆင့်
အနိမ့် အမြင့်အစုံ
ပေါင်းစည်းဖော်ဆောင်
ညီအကိုအရင်းပမာ
ကူညီရိုင်းပင်း စိတ်ကိုနှင်း၍
ခွေးမောင်းကြသည့်
တော်လှန်ရေး..။
ကူသူက ကူ
တိုက်သူက တိုက်
အားပေးသူက အားပေးနှင့်
ဒီတော်လှန်ရေး
မအောင်နိုင်ရိုး
ထုံးစံရှိမလား...။
ဘဝတွေကို ပေးဆပ်ကြတယ်
ပညာတက်တွေ တောထဲရောက်တယ်
ရင်နစ်အောင်ချစ်တဲ့သူလဲ 
စွန့်လွှတ်သူတွေက စွန့်လွှတ်ခဲ့ကြတယ်
အားလုံးမှာ တစ်ခုတည်းသော
မျှော်လင့်ချက်...။
အာဏာရှင် ခွေးတစ်သိုက်တို့
မြန်မာပြည်မှာ လုံးဝမရှိဖို့
တိုက်ထုတ်ကြမယ်ဆိုတဲ့ 
အားမာန်ကအပြည့်...။
မကြာခင် မနက်ခင်းမှာ
နေရောင်ခြည်တွေ ဖြာလင်းလို့
ဒီမိုကရေစီနိုင်ငံသစ်သို့
လှမ်းဝင့်လို့ ချီနိုင်လိမ့်မည်..။
အဘယ့်ကြောင့်
ဆိုရင်
ငါတို့အားလုံး ဆန္ဒတစ်ခုထဲနှင့်
လျှောက်နေကြတဲ့လမ်း 
တူနေကြတာမို့
ပြိုင်တူတွန်းလျှင် 
မရွေ့နိုင်ရိုး
မရှိ။

#HAM

6 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...