📌 Attention, please!
Sign မထိုးရသေးရင် ကျေးဇူးပြုပြီး ဝင်ထိုးပေးကြပါနော်။ အရေးကြီးလို့ပါ။
(နော်ဝေးအခြေစိုက် တယ်လီနောအုပ်စုအနေဖြင့် တယ်လီနောမြန်မာအား အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်သော Investcom အား ရောင်းချရန် ပြင်ဆင်နေပြီး အသုံးပြုသူ ၁၈ သန်း၏ ဒေတာအချက်အလက်များ သည်လည်း Investcom မှတဆင့် အကြမ်းဖက်စစ်အုပ်စုလက်ဝယ်သို့ ကျရောက်သွားမည်ဖြစ်ပါသည်။ တယ်လီနောအုပ်စု အနေဖြင့် ရောင်းချမှုအားချက်ခြင်း ရပ်တန့်ပြီး အသုံးပြုသူများ၏ အသက်အန္တရာယ်အထိပါ စိုးရိမ်စေရမည့် ဒေတာအချက်အလက်များကိုလည်း ကာကွယ်ပေးရန်လိုသည်။)
Telenor Company က သူတို့ရဲ့ လုပ်ငန်းကို စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ "Investcom Pte" ကုမ္ပဏီကို အပြီးအပိုင်ရောင်းတော့မလို့ လုပ်နေပါပြီ။
သူ့ဖာသာ ရောင်းရောင်းမရောင်းရောင်း ကိုယ့်အကြောင်းလားလို့တွေးရင်တော့ အမှားကြီးမှားမှာပါ။ ဟုတ်ကဲ့။ ဒါက ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းပါ။
အတိုးအချုံးပြောရရင် တပ်ပိုင် အော်ပရေတာ ဖြစ်သွားရင် ထည့်သမျှ ဖုန်းဘေလ်တွေဟာ ကျနော်တို့ကို နှိပ်စက်thatဖြတ်ဖို့အတွက် အထောက်အပံ့ ဖြစ်သွားမယ်။ User Privacy ကို လုပ်ချင်သလို လုပ်လို့ရသွားမယ်။ ကြားဖြတ်ပြီး ဖုန်းခိုးနားထောင်တာ။ message တွေကို ဖြတ်ခုတ်တာမျိုးတွေပါ။
Sign တစ်ချက်က ထိရောက်မှုရှိမရှိဆိုတာ TOTAL Company ကြီး သွေးစွန်းငွေတွေကို စစ်တပ်ဆီမပို့ပဲ ရပ်လိုက်ရတာက သာဓကပါပဲ။
Sign တစ်ချက်နဲ့ ကိုယ့်ဘဝကို ကယ်တင်ပါ။
Sign တစ်ချက်နဲ့ ကိုယ့်အနာဂတ်ကို ကယ်တင်ပါ။
Target - 2သိန်း လိုတာဖြစ်ပြီး
Deadline က ဖေဖော်ဝါရီ 14ရက်နေ့ဖြစ်ပါတယ်
Petition link :
လက်မှတ်က အခုထိ ၆ သောင်းကျော်ပဲ ရပါသေးတယ်။ အားလုံးပူးပေါင်း ပါဝင်ပေးကြပါ။
#C4TAdminTeam
#Click4Tanintharyi
done
ReplyDelete✅✅
ReplyDeleteမနက်ကတကြိမ်ထိုးပီပီဗျာgmail တခုကျန်သေးတော့ထိုးလိုက်ဦးမယ်ဗျာ
ReplyDeleteGmail နှစ်ခုနဲ့နှစ်ခေါက်ထိုးထားကြောင်းပါ
ReplyDeleteUpper One
done🐦
ReplyDelete