Wednesday, February 23, 2022


ရှင်သန်ခြင်းရှင်းတမ်း

သူရဲကောင်းလည်း မဖြစ်ချင်ဘူး
အာဇာနည်လည်းမဖြစ်ချင်ဘူး
ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး ။
မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး
ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး ။
လျာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်
သားကြောဖြတ်ခံရတဲ့ နေရက်တွေနဲ့ ရှင်သန်ဖူးတယ်
ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ် ။
ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး
အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။
ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်
အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။     ။

ခက်သီ
14.2.2021

7 comments:

  1. Even though the war was known to be bitter, the system was fought knowing it was wrong.

    ............♥Htet............

    ReplyDelete
  2. ရှင်သန်မှုဟာ တမိနစ်ပဲကျန်​တော့မယ်ဆိုရင်
    အဲဒီတမိနစ်ကို​တောင် လိပ်ပြာသန့်သန့်​နေချင်တယ်

    ReplyDelete
  3. လွမ်းရပါတယ် ဆရာခက်သီ😢

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...