ဘာချက်လဲလို့ ..အိမ်ကိုဖုန်းဆက်မေးတော့
အမေက ငါးလေးအိုးကပ်လို့ ငိုသံနဲ့တိုးတိုးကလေးဖြေတယ်။ သားမရှိတုန်းမှာ သားမကြိုက်တာတွေပဲ ချက်စားထားနော်လို့ ကျနော်ဆိုတော့ အမေက အသံအက်အက်နဲ့ ရယ်ပြန်တယ်။ အမေဟာ ငိုရီ ငိုရီ ဆန်တစ်ပြည်ပဲ။ သားပြန်လာမှ သားကြိုက်တာတွေ ချက်ကျွေးမယ်တဲ့.. အမေက၊ ကျနော့်အမေက။
အိမ်မှာ သူ့အမေက ထမင်းပေါင်းအိုးနဲ့ချက်ခိုင်းရင်တောင် မှုန်ကုပ်နေတတ်တဲ့ သားသူငယ်ချင်းမတောင် တောင်ယာဓားတစ်လက်နဲ့ မှိုရှာ၊ မျှစ်ရှာထွက်တတ်နေပြီ။ Shopping ထွက်ရင် သူလိုချင်တာကို ရအောင်ရှာတတ်တဲ့ အဲ့ဒီခလေးမဟာ တစ်တောလုံးတစ်တောင်လုံးကို သူ့ဈေးခြင်းတောင်းလို ခါးထစ်ခွင်ထားတတ်လာပြီ။ အခုတော့ အမေ့သားဟာ ငါးသေးသေးလေးလည်း ကြိုက်တယ်၊ ငါးခေါင်းလည်းကြိုက်တယ်၊ အမေ့လက်နဲ့ထိရင် ဘာမဆိုရွှေဖြစ်သွားတဲ့ ထမင်းဝိုင်းကိုလည်း မလွမ်းချင်ယောင် ဆောင်ထားတတ်တယ်၊ အမေ့သားလေးဟာ ဘာလာလာ ဒေါင်းပါတယ်။
အိမ်ကိုလွမ်းရင် သားရေကွင်းကလေးနဲ့ အိမ်ဆောက်ကြည့်ကြတယ်.. ဟေ့ကောင် ငါတို့က နှစ်ထပ်အိမ်ကွဆိုရင် သားရေကွင်းနှစ်ပင်သုံးတယ်၊ အိမ်ဆိုတာ အိမ်လွမ်းအိမ်နာကပ်ရောဂါမို့ မကူးစက်ရအောင် သားတို့ရှောင်ထားကြတယ်။ အိမ်ပြန်လာမယ် အမေ။ တဲနဲ့ဖြစ်လည်း ပြန်လာမယ်၊ မီးလောင်မြေလည်း ပြန်လာမယ်၊ ဖုန်းဆိုးမြေလည်း ပြန်လာမယ်၊ တစ်နေ့မှာတော့ ကျနော်တို့ အမေ့အိမ်ပြန်ရောက်ရမယ်။
အိမ်နဲ့အဝေးကြီးကို ပြေးထွက်ခဲ့ရခြင်းဟာ ကျနော်တို့အိမ်ကို ကျနော်တို့ပြန်ရောက်နိုင်ဖို့ သက်သက်ပါပဲ။ အများကြီး မလိုချင်ခဲ့ကြပါဘူး။
#crd

Done
ReplyDeletedone 💙
ReplyDelete...✅
ReplyDeleteclicked
ReplyDeleteလေးစားပါတယ် အလေးပြုပါတယ်
Deleteပြည်သူ့သူရဲကောင်းတွေ
😢😢😢
ReplyDeleteSafe PDFs💪💪❤️
ReplyDelete😥😥😥😥😥
ReplyDeleteအများကြီးမလိုချင်ခဲ့ပါဘူး နောင်မျိုးဆက်တွေအတွက်
ReplyDeleteကောင်းမွန်တဲ့တိုင်းပြည်တခုကို ပေးထားခဲ့ချင်တယ်
done
ReplyDeleteငါတို့လက်ထပ်မှာအဆုံးသတ်ဖြစ်ရမယ်
ReplyDeleteD ❤️
ReplyDeleteထမင်းစစ်စစ် စားချင်တယ် အမေရယ်
ReplyDeleteအိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့..
ဟောဒီလို...
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့ ။
ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။
- မောင်ချောနွယ်
*ခုတော့ အမေ့သားတွေဟာ တေပေလေလွင့်နေသူတွေ
မဟုတ်ကြတော့ဘူးအမေ အမှန်တရားအတွက် အသက်စွန့်ဝံ့သူတွေ ဖြစ်နေပြီ...
လွမ်းတယ် အမေရယ်....
<3
Deletefighting together💪
ReplyDelete😢😢😢😢😢😢😢😢
ReplyDeleteDone
ReplyDelete😔😔
ReplyDelete:D ✌️🍀
ReplyDeleteVPN Location change:D
ReplyDelete🐝
ReplyDeleteAwn🥺
ReplyDeletedone
ReplyDeleteDone💪
ReplyDelete🤍🤍🤍
ReplyDelete😍
ReplyDeleteစိတ့်မကောင်းလိုက်တာကပီဒက်တို့ရေ
ReplyDeleteDone
ReplyDelete