ပြန်လင်းလာတော့မဲ့ အနှစ် ၇၀ မီးအိမ်
ဘဝတွေက တခါမှ မလှပခဲ့
ရောင်နီလေးများ သန်းလာလေမလား
မျှော်လင့်မိပေမယ့်
မှောင်မှောင်သွားနေဆဲ
တန်းတူညီမျှရေး
တရားမျှတရေးဆိုတာ ဟာလဲ
စာရွက်ထဲ
လူလူချင်းတူပေမယ့်
ဘဝတွေကမတူညီ
နိမ့်တလှည့် မြင့်တလှည့်ဆိုတာ
သီချင်းတွေ ကဗျာတွေ စာတွေထဲ
တကယ့်လက်တွေ့မှာတော့
နိမ့်တဲ့ဘဝတွေ နိမ့်နေဆဲ
မြင့်တဲ့ဘဝတွေ မြင့်နေဆဲ
ကိုယ်ချင်းစာတရား
တန်းတူညီမျှတရားတွေလဲ ပျောက်နေဆဲ
မဝေးတော့သော အနာဂတ်မှာ
ရောက်များလာမလား မျှော်လင့်ဆဲ
အနှစ် ၇၀ မှောင်နေတဲ့ မီးအိမ်လေး ထွန်းတောက်လာလေမလား
မျှော်လင့်ရင်းနဲ့ ရှင်သန်ဖို့ ကြိုးစားနေဆဲ...
San Zuren🌸
Done
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
done
ReplyDeleteDone
ReplyDelete❤
ReplyDelete