အရှေ့ဘက်စစ်မျက်နှာ
____________________________
ကတုတ်ကျင်းထဲမှာ
စိတ်ကူးယဉ်ခွင့်မရှိ
ရွက်တိုင်ထိပ်မှာ
အရိုးခေါင်းပုံ အလံလွှင့်ထားရင်
ပင်လယ်ဓားပြပဲ
တချို့က
အမှန်တရားကို အလောင်းဖျောက်ပစ်တယ်
တချို့က
သစ္စာတရားကို အလောင်းပြန်ဖော်တယ်
ဘိန်းစားတစ်ယောက်မှာတောင်
မျှော်လင့်ချက်ရှိသေးတာပဲ
ကိုယ့်တိုင်းပြည်
မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား
မီးသတ်ကားတစ်စင်း
ဖြစ်ချင်ပါတယ်
ကိုယ့်ဘဝနဲ့ကိုယ်
သစ်ရွက်တွေကြွေနေပါတယ်
ခရီးတစ်ခုရဲ့အကြောင်း
သံလမ်းများက ပြောပြပါလိမ့်မယ်။
ကြည်ဇော်အေး
8 July 21

အသိမှတ်ပြု လက်နက်ကိုင်ဖွဲ့စည်းတဲ့လား...
ReplyDeleteကမ္ဘာသိအောင် တောက်ခေါက်ဆဲချင်ပါရဲ့..
သတ်ချင်သလိုသတ် ရှို့ချင်သလိုရှို့
သူလူမျိုးမထိတော့ တုတ်တုတ်မလှုပ်ပြန်.
ဘယ်မှာလဲ?
ငါတို့က ကမ္ဘာတဖက်ငရဲတွင်းထဲရောက်နေတာလား?
ဘယ်မှာလဲ လူခွင့်ရေး တမျှတမှု
ငါတို့မှာ ငါတိုပဲ့ရှိပါတယ်..
အားတင်းထားပါ...������
yes boss
Deletewe must win💪🏻
Deletedone
ReplyDeletedone 💙
ReplyDeleteမီငြိမ်းပေးမယ့်သူတွေအတွက် ငါတို့ရဲ့ကလစ်တစ်ချက်တိုင်းက ရေတပေါက်ဖြစ်စေရမယ်....
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
မီးငြိမ်းဖို့ ကလစ်ကာ ကူကြမယ်
ReplyDeletedone
ReplyDeleteGood
ReplyDeleteညချမ်းပါ
ReplyDeleteDone🦜
ReplyDelete