Wednesday, January 12, 2022

"ချစ်ခြင်းဖြင့် သိစေလို"



"ချစ်ခြင်းဖြင့် သိစေလို"


နိုင်ငံရေး ကို 
ခေါင်းဆောင်ဆိုသူတွေက
စနစ်တကျလေ့လာပြီးမှ 
တော်လှန်ရေးတစ်ရပ်ကို
ဆင်နွှဲတဲ့အခါ 
အောင်မြင်နိုင်ချေများပါတယ်

တော်လှန်ရေးဆိုတဲ့နေရာမှာ
 မခံချင်စိတ်တစ်ခုနဲ့
တော်လှန်ခြင်းဟာ 
အောင်မြင်ဖို့အခွင့်အလမ်း
 အများကြီး နည်းတယ်

အထူးသဖြင့်
အင်နဲ့အားနဲ့ ရှေ့တန်းက နေ
ရွပ်ရွပ်ချွံချွံ လုပ်နိုင်စွမ်းရှိတဲ့
လူငယ်ခြေတက်များဟာ
ဓားစာခံဖြစ်ရလေ့ရှိတာ
ထုံးစံပါ

နိုင်ငံ တစ်ခု
တည်ဆောက်ဖို့ရာမှာ
လူငယ်မျိုးဆက်တွေကို
လက်တွေ့ကျကျ တန်ဖိုးထား
ထိထိရောက်ရောက်
မြေတောင်မြှောက်တဲ့
နိုင်ငံရေး ခေါင်းဆောင်မျိုးရှိမှသာ
မုချ အောင်မြင်ပါတယ်

လူငယ်တွေ ချနင်းလေ့ရှိတဲ့
နိုင်ငံရေး မျိုး
နာလန်ထူတယ်ရယ်မရှိပါ

San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...