Wednesday, January 19, 2022


စီရင်ပွဲ
~~~~


မတရားမှု‌တဲ့
အစွယ်တွေပြူး
သွေးလူးပြတိုင်းသာ
ကြောက်နေရရင်
မိစ္ဆာတွေကိုပဲ 
ဘုရားသခင်တွေလို
ကိုးကွယ်နေကြမှာပေါ့

မတရားတာကို
မမျှတတဲ့အကြောင်းတွေ ပြောမယ်
မမှန်တာတွေကို
မှားနေတဲ့အကြောင်း‌တွေ ပြောမယ်

ဥတွေလည်း ကွဲ
အသိုက်တွေလည်း ပျက်
ယုတ်မာမှုတွေ ကို
တရားစီရင်နိုင်ဖို့
ငါတို့....အသက်တွေနဲ့
လောင်းကြေးကို ထပ်မယ်

နိုင်တဲ့မြင်းကိုမှ
ရွေးလောင်းတက်တဲ့ ကမ္ဘာကြီးမှာ
အင်အားကြီးတဲ့သူတွေ
ရေးတိုင်း သမိုင်း ဆိုတာ မဖြစ်ပါဘူး

အ‌မြဲတမ်း နောက်ကျတက်တဲ့
အမှန်တရားကို
ဒီတစ်ခါ ခပ်စောစောရောက်စေချင်လို့
မဆိုင်သလို နေတက်တဲ့
သူငယ်ချင်းရေ...
လာပါ....
မိစ္ဆာတွေ အစွယ်ချိုးမယ့်ပွဲမှာ
ငါတို့အတူတူ တရားတွေ စီရင်ကြမယ်



Poem by, Ngayar

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...