Sunday, January 9, 2022

သူရဲကောင်း

၇၊ ၁၊ ၂၀၂၂ ရက်​နေ့မှာ
ချင်းပြည်နယ်၊ မတူပီအ​​ခြေစိုက် စစ်​ကောင်စီတပ်​တွေက လမ်းပြ လူသားဒိုင်းအဖြစ် ​ခေါ်​ဆောင်ရုံမျှမက သတ်ဖြတ်ခြင်းပါ ခံလိုက်ရတဲ့
၁၃ နှစ်အရွယ် ဆလိုင်းလာနန်း။

ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ
ဝမ်းနည်း ​ကြေကွဲရပါတယ်။

၉၊ ဇန် ၂၀၂၂
Source & credit: Chin TV International


သူရဲကောင်း
သူရဲကောင်း...
မြန်မာပြည်ရဲ့ ဘာဘွဲ့ ညာဘွဲ့ဆိုတာမသိဘူး
ညီလေးလာနန်း ၁၃နှစ်ကို သူရဲကောင်းဘွဲ့ပေးပါတယ်။
ငါ့ညီလေး...
ဗိုက်ဆာနေမှာဘဲ...
ခိုကိုးရာမဲ့နေမှာဘဲ...
အမေ အမေအော်နေမှာဘဲ...
တွေးရင်းးဝမ်းနည်းပြီး မျက်ရည်ကျမိတယ်။
ငါတို့မျက်ရည် မင်းရဲ့အသက်က မြန်မာ မက ကမ္ဘာကြီးကိုပါငြိမ်းချမ်း​စေပါစေ
သူရဲကောင်း ညီ​ေလးလာနန်း ဂုဏ်ပြုပါတယ်။
ချစ်လှစွာသောအကို။



7 comments:

  1. အလေးပြုလျှက်ပါ သူရဲကောင်းတွေကို
    ဆယ်ကမ္ဘာမကျေဘူး စခတွေကို��

    ReplyDelete
  2. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...