Tuesday, January 4, 2022

၇၄ကြိမ်မြောက် လွတ်လပ်ရေးနေ့



“ သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”
လွတ်လပ်ရေးနေ့ လှုပ်ရှားမှုများ
◾ တစ်နိုင်ငံလုံးမလွတ်လပ်သေးဘူး
#NoCelebration
၁။ မလွတ်လပ်သေးတဲ့ ဖက်ဆစ်စစ်တပ်၏ အုပ်ချုပ်မှုလက်အောက်တွင်ကျရောက်နေသည့် အချိန်ကာလဖြစ်၍ ၄.၁.၂၀၂၂ ရက်နေ့တွင် တိုင်းပြည်အတွင်း ကျင်းပမည့် မည်သည့်လွတ်လပ်ရေးအထိမ်းအမှတ်ပွဲကိုမှ မပါဝင်ကြရန်။
◾ စာကပ် စာချကြမယ်
#PaperStrike
၂။ လွတ်လပ်ရေးနေ့တွင် တနိုင်ငံလုံးက လူထုမှ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါ စာသားများ ရေးသား၍ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် လမ်းမပေါ်များ အများပြည်သူနေရာများတွင် ကျဲချခြင်း၊ နံရံများတွင် ကပ်ထားခြင်းများ ပူးပေါင်းဆောင်ရွက်ကြပါရန် (ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်။)
စာသားများ - “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “မအလ မအလ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသည်ဖြင့် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး သုံးခဲ့သော ကြွေးကြော်သံများအား အသုံးပြုနိုင်သလို မိမိရေးသားချင်သည်များလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်နိုင်ပါသည်။

◾ လွပ်လပ်ရေးရင်ရရင် ဘာလုပ်မယ်
#Let'sWrite
၃။ မလွတ်လပ်သေးသည့် အနာဂတ်ပျောက်ဆုံးနေသော နိုင်ငံတော်အတွင်းမှ လွတ်လပ်လာမည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လှမ်းမျှော်သည့် စာတိုရေးသားကာ လွတ်လပ်ရေးနေ့အတွက် ရည်ရွယ်၍ ရေးဆွဲထားသော ဓာတ်ပုံတစ်ပုံနှင့်အတူ မိမိတို့ လူမှုကွန်ရက်အကောင့်များမှ
#သူ့ကျွန်ဘဝကလွတ်ခဲ့ပြီစစ်ကျွန်ဘဝကရုန်းထွက်ကြ
#4122
#၄၁၂၂ စသည့် hashtag များသုံး၍ တင်ကြပါရန်။
ထိုစာသားများအား စုဆောင်း၍ (၇၄)ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုများအဖြစ် မှတ်တမ်းတင်ပြီး သတင်းမီဒီယာများမှ ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်သည်။ ဓာတ်ပုံအား GSCB စာမျက်နှာနှင့် သက်ဆိုင်ရာ အစုအဖွဲ့များမှ ၄. ၁. ၂၀၂၂ ရက်နေ့ မနက်တွင် တင်ပေးသွားကြမည်ဖြစ်ပြီး လွတ်လပ်စွာယူသုံးနိုင်ပါသည်။
“ကျွနု်ပ်တို့ရဲ့ အနာဂတ်မျှော်ရည်တဲ့ စာသားများမှတဆင့် ကျွနု်ပ်တို့လိုလားတဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေဆီကို ဖော်ဆောင်သွားကြပါစို့။”
“ သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”
#ရွှေရည်စိမ်လွတ်လပ်ရေးအလိုမရှိ
#သူ့ကျွန်ဘဝကလွတ်ခဲ့ပြီစစ်ကျွန်ဘဝကရုန်းထွက်ကြ
#အရေးတော်ပုံအောင်ရမည်
#GSCB

9 comments:

  1. ဒီနေ့ဟာ လွတ်လပ်ရေးနေ့ဆိုပေမဲ့
    ငါတို့တွေ မလွတ်လပ်သေးပါဘူး
    စစ်အာဏာရူးတွေရဲ့ လက်အောက်မှာပဲ ရှိပါသေးတယ် လွတ်မြောက်အောင် ငါတို့ တူတူကြိုးစားပြီး ကလစ်ပေးဖို့လြိ့အပ်ပါတယ်

    ReplyDelete
    Replies
    1. yeah clckတတ်တဲ့လက် ပေးကမ်းတက်တဲ့လက်တွေကို အရမ်းလေးစား

      Delete
  2. ကြွေလွင့်သွားသူတွေကို ဂုဏ်ပြုကြရင်း⭐
    ရှင်သန်သူတွေကို ရိုင်းပင်းကြပါစို့💪

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...