မအလအနေနဲ့ အာဏာလုပြီးနောက်ပိုင်း ဥပဒေတွေထင်သလိုထုတ် ပြည်သူတွေကိုထင်သလိုဖမ်း ထောင်ချပစ်နေတာကို မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်အောင် ပုံဖော်ထောက်ကန်ပေးနေတဲ့ ဌာနကတော့ "တရားရေးဌာန" ဖြစ်ပါတယ်
တရားရေးဌာန၊ ဥပဒေဝန်ထမ်းတွေ
(ရှေ့နေတွေကိုပြောတာမဟုတ်)
ဆိုတာ ဘယ်အုပ်ချုပ်ရေးဌာနအောက်မှာမှ မရှိဘဲ သီးသန့်ရပ်တည်တဲ့ဌာန ဖြစ်ပါတယ်
သမာသမတ်ကျကျ တရားစီရင်ပြီး ပြစ်မှုနဲ့ပြစ်ဒဏ်လျော်ညီအောင် ချမှတ်ရမယ့်ဟာကို အာဏာရူးအကြိုက်လိုက်ပြီး ကြီးလေး၊ပြင်းထန်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ဆက်တိုက်ချပေးနေကြတယ်
ဖမ်းလာသမျှပြည်သူတွေကို ပြန်လွတ်တဲ့သူမရှိ၊ အာဏာရူးအလိုကျ ပုဒ်ထီး၊ပုဒ်မမျိုးစုံတပ်ပေးပြီး ပျော်ပျော်ကြီးထောင်ထဲပို့ပေးနေတာက
လူမိုက်အားပေး တရားရေးဌာနဖြစ်နေပြီ
(တာဝန်အရမဟုတ်ဘဲ) အမှုတွေကို ထောင်ထဲမှာ ထောင်တွင်းတရားရုံးဖွင့်ပြီး ရုံးနေ့တိုင်းတက် စစ်ပေးနေကြတယ်
တရားရေး၊ဥပဒေဝန်ထမ်းတွေ ပြောချင်တာက လူမိုက်အားပေးလုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး ပြည်သူကို ညှာတာပါ၊ ပြည်သူနဲ့ပူးပေါင်းပါ
မဟုတ်ရင်တော့
ပြည်သူတွေက အော့နှလုံးနာပြီး ပြည်သူ့ဒဏ်ခတ်တာ ခံရပါလိမ့်မယ်
San Zuren 🌸

Done
ReplyDeletedone 💙
ReplyDeleteမတရားမှုမြောက်တဲ့အခါ..
ReplyDeleteခုခံတိုက်ခိုက်ခြင်းသည်.ငါတို့တာဝန်
This comment has been removed by the author.
Deleteပြည်သူ့အာဏာကို
ReplyDeleteပြည်သူ့လက်ထဲပြန်ထည့်ကြမယ်
Done
ReplyDeleteLet's click together for our freedom....
ReplyDelete