Tuesday, January 18, 2022

ခွန်အားစာ


ခွန်အားစာ

စစ်ချီတေးတွေကိုလည်း မရေးစပ်ခဲ့ဖူးပါဘူး
ဓမ္မတေးတွေကိုလည်း မစပ်ဆိုခဲ့ဖူးပါဘူး
သေနတ်သံတွေကြားက ဆုတောင်းသံတွေအတွက်
လူသားချင်းစာနာမှုဆိုတာ
ကုန်းကောက်စရာတောင် မရှိလောက်အောင်
ရှားပါးလှတဲ့  ခေတ်ပျက်ကြီးထဲမှာ
အားငယ်သူ  ကူပေးဖို့
သတ္တိကော်တရာ  မရှိခဲ့လေရာ
လဲနေသူ   ထူပေးဖို့
ခွန်အား  အလျဉ်းပျက်ခြင်းမရှိ
ဆောင်းတွင်းအအေးဒဏ် ယှဉ်ပြိုင်ကာအံတုရင်း
အားပေးသောစာ  ဒိုင်းကာပမာဖြစ်ရပါစေ
ရန်ဟူသမျှခွင်းမယ့်  မြှားတစ်စင်းဖြစ်ရပါစေ
နာကြည်းမှုကနေအစတည်တဲ့  
နာကျင်မှုတွေဟာ ဒီခရီးမှာအဆိပ်ပင်ဖြစ်လာခဲ့ရင်
ဖယ်ရှားပစ်ဖို့  အက်ဆစ်တစ်ခုဖြစ်ပါရစေ
ဆူးညှောင့်ကန်သင်း  ရှင်းလင်းဖို့ရာ  
အသွားထက်သော ဓားတစ်လက်တော့ဖြစ်ခွင့်ပြုပါ
တော်လှန်ရဲဘော်.....

                                           ThaeNu



1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...